Ch.48

2.7K 140 4
                                    

Unicode

Oh my God ဘုရားရေ ကယ်ပါ ဒီကလေးကြောင့် ငါ့နှလုံးသားလေး နိုးထလာပြီးထင်ရဲ့

"ဦးလေးကြီး ခင်ဗျား ကားဘယ်လိုမောင်းနေတာလဲ ကျုပ်ခြေထောက်နာသွားပြီး"

"ချာတိတ် ရရဲ့လား"

"မရဘူးးး ကျုပ်ကို ထူပေးဦးပြန်မထနိုင်ဘူးဗျ"

သီဟ ထိုစွာစီလေးကို လက်က နေဆွဲထူလိုက်တော့ခပ်ယိုင်ယိုင်လေးနဲ့ထလာသည်။စွာစီလေးရဲ့ လက်ကလေးက နွေးသည် ။ဘေးနားလေးမှာရှိခုံတန်းလေးပေါ် ထိုင်၏ေလိုက်သည်။

"ဘယ်နားလေးနာနေတာလည်း ချာတိတ်"

"ဒီနားလေးက "

ခြေကျင်းဝတ်ကလေးကို လက်ကလေးနဲ့ ထိုးပြလာတဲ့ ချာတိတ်ကလေး

ခုံပေါ်ကနေဆင်းပြီး မုဆိုးဒူးထောက်ထိုင်ချလိုက်တော့

"ဦးလေးကြီး ဘာဘာလုပ်တာလဲ ကျုပ်ငရဲတွေကြီးကုန်ပါမယ်"

အလန့်တကြားထအော်တဲ့ကလေးလေးက
ကြောင်ပေါက်စလေးလိုပင်

"ရူး ငြိမ်ငြိမ်နေ ချာတိတ် "

သီဟ ပြောလိုက်မှ ငြိမ်ကုတ်သွားတဲ့ကြောင်ပေါက်လေးက မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ကြည့်နေသည်။

ချာတိတ်လေးရဲ့ ခြေထောက်က ရောင်တောင်နေပြီအသားဖြူသူမို့ ပိုပြီးသိသာသည်။

"ချာတိတ် ဒီနားလေးက နာတာလား"

"ဟုတ် အ့ အဲ့နားလေးမထိနဲ့"

"ချာတိတ်က အရွတ်ထိသွားတာဘဲ"

"ဟိုဘက်ခြေထောက်ရောအခြေပြေရဲ့လား
ဒဏ်ရာရသေးလား"

ဒီကလေးကြောင့် သူရင်ခုန်သံတွေဟာ အခုထိမရပ်သေးပေ

"ချာတိတ်ခဏစောင့် ကိုယ်ဆေးသွားယူလိုက်ဦးမယ်"

"နေဦး ဦးလေးကြီး......"

ခွန်း စကားဆုံးအောင်နားမထောင်ဘဲချာကတည်း လှည့်ထွက်သွားတဲ့ဦးလေးကြီးကြောင့်ခွန်းကြောင်တောင်တောင်ဖြစ်မိသည်။

သီဟ ကားထဲကို ဆေးဘူးတွေ့လိုတွေ့ညား
ဟိုရှာဒီရှာ ရှာကြည့်သည်။
သို့သော်......

 ခေါင်းစဉ်မရှိသော (Complete)Hikayelerin yaşadığı yer. Şimdi keşfedin