Ch.68

2.5K 129 8
                                    

Unicode

မိုင်ယာသတင်းကြားပြီးပြီးချင် ကုမ္မဏီကနေတောက်လျှောက်ပြန်ခဲ့လိုက်သည်။

မိုင်ယာအမုန်းဆုံက သူချစ်တဲ့လူတွေကိုထိခိုက်အောင်လုပ်ခြင်း

အိမ်တော်ထဲဝင်သွားလိုက်တော့ အရင်ဆုံးရတာက သွေညီနံ့ပြီးတော့ ယမ်းနံတွေ

အိမ်တော်ရှေ့ကမှာအပုံလိုက်ဖြစ်နေတဲအလောင်းတွေ ပြီးတော့ လက်ပြန်ကြိုးတုတ်ခံထားရတဲ့လူတွေ ထိုလူ‌တွေထဲမှာယောင်မီဆိုတဲ့ မိန်းကလေးကအပါအဝင်

သားရေလက်အိတ်ဝတ်ခဲ့ပြီး ကားပေါ်နေဆင်ရင် နူတ်ခမ်းထက်မှာသွေးအေးရက်စက်တဲ့ အပြုံးကြီး ဆင်မြန်းထားလျက်။

"မမိုင် အကုန်မိပါတယ်"

A1က အပြစ်လုပ်ထားတဲ့သူတစ်ယောက်လို ခေါင်ငိုက်စိုက်ကျရင်းဖြေလိုက်သည်။ မိုင်ယာ A1ကို ပုခုံးပုတ်ပေးရင်း

"စိတ်မကောင်းဖြစ်မနေနဲ့တော့ ပိစိလေးအန္တရာယ်ကင်းပါတယ်"

ထိုအသံကြားမှ မျက်နှာဝင်းလာတဲ့ A1

ထိုအချိန် အိမ်တော်ဝန်းထဲကို ကားတစ်စင်းအရှိန်နဲ့ဝင်လာသည်။ ကားထဲက ဆင်းလာတာကတော့ သီဟနဲ့ခွန်းငယ်

ခွန်းငယ်က သူ့ရှေ့မှာ ပုံနေတဲ့အလောင်တွေကို မြင်တော့ ကြောက်လန့်သွားသည်ထင်သည်။
သီဟနောက်ကျောနောက်ဝင်ပုန်းသည်။
သီဟက အားလုံးကို တစ်ချက်ဝေ့ကြည့်ရင်း နားလည်သည်ဟူသောအဓိပ္ပာယ်နှင့် ခေါင်တဆက်ဆက်ငြိမ့်နေသည်။

"သီဟ ခွန်းလေးနဲ့ဆေးရုံလိုက်သွားလိုက်
ကျန်ခဲ့တဲ့ကိစ္စငါရှင်းမယ်"

"အင်း"

"ခွန်းလေး"

"ဗျာမမ"

"ချစ်တယ်"

မိုင်ယာ က ကြောက်လန့်နေတဲ့ခွန်းလေး ကြောက်စိတ်ပြေသွားအောင်လို့ လက်ကလေး ဝိုက်ပြီး အသဲပုံစံလေးလုပ်ပြီး နူတ်ခမ်းလေးဆူပြလိုက်တော့

"ခစ်ခစ်ခစ်"

"အာဘွားပြန်ပေးဦးလေ"

"မရပါဘူး"

"ထိုအသံကတော့သီဟဆီမှ "

''ဘာလို့လဲ?"

"ခွန်းငယ်က ငါ့အပိုင်"

 ခေါင်းစဉ်မရှိသော (Complete)Where stories live. Discover now