Ch.42

3.1K 143 1
                                    

Unicode

"ဟားဟားဟားးးးးကလေးရယ်
ကလေးကိုသူတို့ဘာမှမလုပ်နိုင်ဘူး
ကလေးကို ထိရင်
ကိုယ်က တစ်နိုင်ငံလုံးပြာချပြစ်မှာပေါ့"

"လူကြီး ခင်ဗျားဟာလေ...."

သူကိုမနိုင်ဘူးဆိုတဲ့သဘောနဲ့ မျက်လုံးလှန်ပြပြီး ရင်ဘက်ကို လက်သီးနဲ့ ခပ်ဆက်ဆက်ထိုးလာတဲ့လူသားငယ်

"ကလေးးးး ဘာမှကြောက်စရာမရှိဘူး
သူတို့ကို ကလေးဂရုလည်းစိုက်စရာမလိုဘူး
ကလေး ကြိုက်တာလုပ် ကလေးနောက်မှာ ကိုယ်ရှိတယ် "

" စကားတတ်းတိုင်းလျှောက်ပြောနေတယ်"

"တကယ်ပြောတာဘာလဲကလေးက မယုံဘူးလားကလေးယုံအောင် ကိုယ်သတ်သေပြရမလား"

" စိတ်လျော့ ကိုယ့်လူ ခင်ဗျားဒေါသထွက်နေရင် အိုစာ သွားသလိုဘဲ"

ဩရဿ၏ ခေါင်းပေါ်သို့ ကျီးကန်တစ်ကောက် အ အ အ နဲ့ ဖြတ်ပျံသွားသည်အလား

"ဒါနဲ့လေ လူကြီး ..."

"Ommmmသားကဘာဖြစ်လာကလေးး"

" တကယ်သေချာရဲ့လား လူတစ်ယောက်အသက်က ဒီလိုကြီး ကလေးကစားသလိုမျိုး လွယ်နေတာလား "

" တိုက်ခိုက်တယ် နိုင်တဲ့သူက ဘုရင်ဘဲ ကိုယ်တို့လောက က သက်ဦးစံပိုင် စနစ်ဘဲ ဒီကိစ္စတွေက အထူးဆန်းမဟုတ်ဘူး ကလေးရဲ့ "

" အင်း "

" စိတ်မကောင်းဖြစ်မနေပါနဲ့ကွာ ဉပဒေ လမ်းကြောင်းအရဆိုရင် ခုခံကာကွယ်ရင်းဖြစ်သွားတာဘဲ "

‌စိတ်မကောင်ဖြစ်နေတဲ့ ချစ်ရတဲ့လူသားကို ရွှေရင်အေး တရားဟောရတော့သည် မဟုတ်ရင် ဒီကလေး စိတ်မကောင်ဖြစ်နေမှာ

မင်းလေးနဲ့ နီးကပ်တဲ့အချိန်တိုင်း ကိုယ်ရင်‌ေတွအရမ်းခုန်တယ်သိလား ကိုယ်ကလေ ကိုယ့်ရဲ့ စိတ်ဝိညာဉ် နှလုံးသား ကိုယ်ပိုင်တဲ့အရာအားလုံးကို မင်းလေးဆီပေးအပ်ပြီးသားပါကွာ

"လောလောဆယ်တော့ ကျွန်တော်ကို ဖမ်းထားတာဘဲလေ "

"ချစ်လွန်းလို့ပါကွာ ကိုယ်က မင်းကို အချစ်ကြိုးတွေ‌နဲ့ ရအောင် ချည်နှောင်မှာ"

 ခေါင်းစဉ်မရှိသော (Complete)Where stories live. Discover now