part 6(2)

1.2K 82 16
                                    

//အတ္တကိုဗဟိုပြု၍//

အရှိန်ထိုးကိုက်လာတဲ့ ဦးခေါင်းရဲ့ခံစားမှုကြောင့် ကိုယ်နိုးထလာခဲ့သည်။ နားထင်နှစ်ဖက်ကို ခွကိုင်ကာ လက်မနဲ့လက်ခလယ် အားကိုအမှီပြုပီး ဦးခေါင်းကိုနှိပ့်နယ်နေမိသည်။ အတန်ကြာတဲ့အချိန်မှာ ကိုက်ခဲနေတဲ့ဦးခေါင်းက တဖြေးဖြေးသက်သာလာသည်ကြောင့် ထရန်ပြင်လိုက်ချိန်တွင် ဝမ်းဗိုက်အောက်ပိုင်းဘက်က အဆစ်ဆစ်နာကျင်မှုနဲ့အတူ မနေ့ညကဖြစ်ရပ်တို့က ခေါင်းထဲအစီအရီပင် တိုးဝင်လာတော့သည်။

မျက်လုံးဖွင့်ခါမထသေးဘဲ ဘေးဘီကိုလှည့်ကြည့်တော့ သူရှိမနေတော့။ အင်းပေါ့ သူသိပ်မုန်းတဲ့မိန်းကလေးတစ်ယောက်နဲ့ တစ်ကုတင်ထဲ အတူရှိနေဖို့ဆိုတာ သူအတွက်လဲတော်တော် စိတ်ရှုပ်စရာဖစ်နေလောက်ပါရဲ့။ သို့သော် သူသိပ်မုန်းပါတယ်လို့ ပြောနေတဲ့ ကိုယ့်လိုမိန်းကလေးကို ညကသူကိုယ်တိုင်ပင် ကုတင်ပေါ်ဆွဲတင်ခဲ့သည်ဟာလဲ ငြင်းမရတဲ့အမှန်တရားပင်မဟုတ်ပါလား။

အမှန်တကယ်ဆိုလျှင် ဒီကိစ္စဟာ ကိုယ့်ရဲ့မာနနဲ့သိက္ခာကိုအများကြီးထိခိုက်စေတာမှန်ပေသည်။ ယခုတွင် ကိုယ့်သိက္ခာများကို သူခေါ်ခေါ်လာသည့် ပြည့်တန်ဆာများလောက်တောင် သူတန်ဖိုးမထား သတိမပြုလို့ ဒီအခြေအနေကို ကိုယ်တို့ရောက်ခဲ့သည်ဟုသာတွေးမိကာ မျက်ရည်စက်တို့ ကျဆင်းကုန်သည်။ ကိုယ့်ရဲ့ဘဝနဲ့ရင်း လက်ထပ်ကာ သူ့အတွက်ပေးဆပ်ခဲ့သည်ကို သူမကျေနပ်နိုင်ကာ ကိုယ့်အရှက်နဲ့ဘဝ ခန္ဓာကိုယ် ကိုပါ သူယူခဲ့သည်။

ကိုယ်ကချစ်သော်လဲ သူ့ဘက်ကမုန်းနေသည်ဖစ်လို့ ကိုယ်ဦးနှောက်တွင် ထိုအရာကို ကိုယ်မပေးချင် မလိုချင်ခဲ့တာအမှန် သို့သော် ညကအချိန်တွက်ဦးနှောက်ရဲ့ ဦးစားပေးမှူ‌ကြောင့် ငြင်းဆန်ခဲ့သည်မှန်သော်ညား နှလုံးကချစ်တဲ့စိတ်ဟာ ချစ်သူပြုသမျှကို မငြင်းဆန်ရက် တချိန်ကသိပ်ချစ်ခဲ့ကြသည်မလား။အရာအားလုံးဟာသူဖစ်ခဲ့သည်မလား။ယခုအထိပင် ချစ်နေဆဲဖြစ်၍ နှလုံးသားကတော့ ပေးဆပ်ချင်နေမိပါသည်။

မုန်းသည်ဆိုလဲ မျှော်လင့်ချက်တွေမပေးဘဲ ဒီတိုင်းဘဲ မုန်းနေပါလား ဂျောင်ဂုရယ်........

//Self-centered//Where stories live. Discover now