ep//2//

1.1K 120 5
                                    

//အတ္တကို ဗဟိုပြု၍//

Unicode^

 ညနေ နေဝင်ရီတယော အချိန် ဆိုးလ်မြို့ရဲ့ ရှုခင်းကို အခုလို ခေါင်မိုးထပ်ကနေ ကြည့်ရသည်က ပန်းချီကားတစ်ချပ်ပမာ လှပလွန်းလှသည်။
တချို့နေရာများမှ တောက်ပလာပီ ဖစ်သော
နီယွန်းမီးရောင် များကလဲ မြို့ရဲ့အလှကိုပိုလို့တင့်တယ်လှစေသည်။ သို့သော် ကောင်မလေးတစ်ယောက်ရဲ့ မျက်နှာက ‌အတန်အတန်ကြာ‌အောင် ပျောက်ကွယ်နေခဲ့ပီ ဖစ်တဲ့ သူမရဲ့ နူးညံတဲ့ အပြုံးတွေက ပိုလို့လှပနေခဲ့သည်ပေါ့~~....

နေတောင်ဝင်တော့မည် စောစောပြန်လာမည် ပြောတဲ့သူက အခုအချိန်ထိ အိမ်မရောက်သေး ကိုယ်စောင့်နေတာ 2နာရီနီးပါးရှိနေပီလေ သူ့အတွက် ဟင်းတေ ဖွယ်ဖွယ်ရာရာ ချက်ပီး ခေါင်မိုးထပ်မှာ ကိုယ်ပြင်ဆင်ထားခဲ့တာ ကိုယ်နဲ့သူရဲ့ တော်တော်ကြာကြာ အတူတူမစားဖစ်ခဲ့တဲ့ ညစာလေးကို ဒီလို ဆိုးလ်မြို့ရဲ့အလှအပကိုခံစား နိုင်မယ့် ကိုယ်တို့ 3ထပ်ခွဲ တိုက်ရဲ့ အပေါ်ဆုံးထပ်က လသာဆောင် မှာ ကိုယ် လှလှပပလေး ပြင်ဆင်ထားခဲ့တာ သူက အခုချိန်ထိရောက်မလာသေးဘူး ကိုယ်စောင့်နေတာကြာခဲ့ပီဆိုတာ အေးစက်စက် ဖစ်နေတဲ့ဟင်းပွဲလေးတေက သက်သေတစ်ခုပါဘဲ။

အတော်အတန်ကြာသွားပီး အချိန်အတိုင်းအတာအခု ရောက်တော့ ခြံထဲကိုတရှိန်ထိုးဝင်လာတဲ့ သူရဲ့ကားလေး ကိုယ်ပျော်သွားခဲ့သည် နောက်ဆုံးတော့ သူပြန်ရောက်လာပီ လေ ကိုယ်လဲ အောက်ထပ်ကိုပြေးဆင်းပီး သူ့ကိုခေါ်ကာ အပေါ်ထပ်ကဟင်းတေပြန်နွေးပီး စားကြမယ်လို့စိတ်ကူးကာ သွားလေတော့...။

(စားသောက်ဖို့ပြင်ထားတဲ့ဘေးမှာ မီးဖိုလေးရှိ‌တယ်နော် အသားတေဘာတေ ကင်တဲ့ဟာလေ 👉👈)

ဒါ ဒါမဲ့ သူတစ်ယောက်ထဲမဟုတ်ပ့လား သူ့ဘေးမှာမိန်းမတစ်ယောက် ကိုယ် ကိုယ်သာမျက်စိမမှားဘူးဆိုရင် အဲမိန်းမက ကိုယ်နဲ့ကျောင်းတုန်းက ကိုယ့်ကိုလိုက်ပြိုင်ခဲ့တဲ့...... ဂန်ယူနာ။

အိမ်ရှေ့ တံခါးမကြီးမရောက်ခင် မှာဘဲ ကိုယ့်ခြေလှမ်းတွေရပ်တန့်သွားခဲ့ပီး မျက်လုံးတွေ ကိုယ့်နားတွေကိုတောင် မယုံနိုင်ဘူး လှေကားလက်ရမ်းထောင့်က ကိုယ့်ကို တောင် မမြင်နိုင်လောက်အောင် ရီဝေဝေမူးကာ အနဲငယ်ယိုင်နေတဲ့ သူ့ကို ဖက်ကာ ထိန်းကိုင်လာတဲ့ ဂန်ယူနာ ရယ် သူမရဲ့ ခါးခပ်သွယ်သွယ်ကို ဖက်လျက် မျက်နာတို့ကို လက်ဖြင့် ခပ်ဖွဖွ ကိုင်၍ စကားတွေပြောနေတဲ့ သူ ။ အို ကိုယ်ဘယ်လိုမှ မခံစားနိုင်တော့ဘူး အပေါ်ထပ်ကိုပြေးတက်ဖို့ ကြံရွယ်ကာ ပြင်လိုက်တဲ့ ခြေလှမ်း လေးက အရာ မယွင်းလိုက် ကိုယ့်လက်‌မောင်း ကို ဆွဲလိုက်တဲ့ သူ့လက်တွေ ကြောင့် ရပ်တန့်လိုက်ရသည်။

//Self-centered//Where stories live. Discover now