ep//3//

1K 108 8
                                    

//အတ္တကို ဗဟိုပြု၍//

Unicode^

တိမ်တွေဖုံးကာ အမှောင်လွှမ်းနေတဲ့ ညဘက်ကောင်းကင်နဲ့ နီယွန်မီးရောင်လှလှတို့ဟာလဲ တဖြေးဖြေး ပြေလျော့လာပီး အရှေ့ဘက်အရပ်ဆီမှ တဖြေးဖြေး တိုးဝင်လာတဲ့ ရောင်နီဆည်းဆာဟာ လှပနေခဲ့ပေမယ့် ခမ်းနားလှတဲ့အိမ်ကြီးထဲမှာတော့.......

‌တဖြေးဖြေးနဲ့​နေလုံးဟာ အပြာနုရောင်ကောင်းကင်ထက် နေရာယူလာပီး  ပြတင်းပေါက်မှန်နဲ့ ခန်းဆီးစခပ်လွှာလွှာ ကို ဖြတ်လို့ ဂျောင်ကု မျက်‌နှာပေါ်ကျရောက်လာ၍ နိုးလာခဲ့သည်။

ခန္ဓာကိုယ်ကိုကြည့်လိုက်တော့ အဝတ်အစားများရှိမနေရုံသာမက ဘေးမှာဝတ်လပ်စားလပ်နဲ့ အိပ်နေတဲ့ ဂန်ယူနာ ညကအကြောင်းတွေ ပြန်စဉ်းစားရင်း တဖြေးဖြေးရူးချင်လာသည် တကယ်ဆို ဒီလောက်ထိ ဖစ်သွားစရာကိစ္စရေရေရာရာ ဆိုတာမရှိခဲ့ အွန်းဟာကိုသဝန်တိုလို့ လို့ခေါင်းစဉ်တပ်ချင်ပေမယ့် ဒါအေးအေးဆေးဆေးဖြေရှင်းရင် ရနိုင်တဲ့ကိစ္စမဟုတ်ပါလား

"အားးခေါင်းတေကိုက်လိုက်တာ ကျစ်"

တရှိန်ရှိန် ကိုက်လာတဲ့ခေါင်းဟာ ညက တော်တော်မူးခဲ့ကြောင်းသက်သေပြနေသယောင်

"ဂန်ယူနာ ထတော့"
ဟုလှုပ်နှိုးလိုက်ပီး အံဆွဲထဲက ငွေ 5သိန်း ပစ်ပေးလိုက်သည်။

"အဝတ်အစားတွေပြန်ဝတ်ပီးတာနဲ့ ဒီပိုက်ဆံယူပီးပြန်လို့ရပီ သွားတော့"

"ဟာ oppa နှိုးနေပီလား ကဲပါ ဒါဆိုတို့သွားပီနော် အဟင်း နောက်မှထပ်တွေ့ ကြတာပေါ့
ဂျွန်ဂျောင်ကု ရှီးး"

"စိတ်ပျက်စရာတွေ"

ဂန်ယူနာထွက်သွားတော့ လန်းသွားအောင်ရေချိုးဖို့ပြင်ကာ ရေချိုးခန်းထဲဝင်ပီး ရေကို ခပ်နွေးနွေး အနေအထားသတ်မှတ်လိုက်ပီး ဖွင့်ချကာ bathtub ထဲဝင်စိမ်လိုက်ရင်း မျက်လုံးတွေမှိတ်လိုက်တော့ ခေါင်းထဲ အစီအရီဝင်လာတာက မနေ့ကနေ့လည်က အကြောင်း....

"ဟူးးးးးးး"
ဂျောင်ကုလေကို တစ်ချက်မှုတ်ထုတ်လိုက်ပီး မနေ့က အကြောင်းကို ပြန်စဉ်းစားလိုက်သည်........

//Self-centered//Where stories live. Discover now