အခန်း ၄၈- အပြာရောင်အစွန်းဓားသည် ပိုင်ရှင်ကို ရွေးချယ်ခဲ့သည်။

Start from the beginning
                                    

"ဆရာ ဒါကို မမျှော်လင့်ထားပါဘူး။ အပြာရောင်အနားသတ်ဓားက ကျွန်တော့်ကို သူ့ရဲ့ပိုင်ရှင်ဖြစ်ဖို့ ရွေးချယ်ခဲ့တယ်" သူမက ပေါ့ပါးစွာ ရယ်မောရင်း အပြာရောင် အနားသတ်ဓားကို အာကာသကွင်းထဲသို့ ထည့်လိုက်သည်။ ထိုအချိန်တွင် ခြောက်နာရီမကြာသေးလို့ မထွက်နိုင်ကြသေးတာကို သူမသဘောပေါက်လိုက်သည်။

"ဘာပဲဖြစ်ဖြစ် ဒီနေရာက ‌ေနခဏလောက်‌ေတာ့ထွက်နိုင်မှာ မဟုတ်ဘူး၊၊ ဒါဆို ဘာလို့ အရင်ထိုင်ဖို့ နေရာမရှာတာလဲ။ လက်စွပ်ထဲ မှာ ဘယ်လိုလက်စွဲစာအုပ်မျိုးတွေရှိလဲဆိုတာကို သိဖို့ ဒီအချိန်‌ေတွကို အသုံးချနိုင်မှာပါ။" ဓားတွေရဲ့အရှိန်အ၀ါမပြင်းထန်တဲ့ နေရာကို ရှာဖွေရင်း
ဖီးနစ်‌ေလးရဲ့ လက်လေးကို သူ့လက်ထဲမှာ ကိုင်ထားရင်း သူမပြောလိုက်တယ်။

တည်ရှိမှုကို ဖုံးကွယ်ထားတဲ့ စာအုပ်တစ်အုပ်ကို ဆွဲထုတ်ပြီး လှန်ကြည့်နေရင်းနဲ့ ကလေးလေးကသူမရဲ့ မျက်နှာကို စူးစူးစိုက်စိုက်စိုက်ကြည့်နေတာကို ရုတ်တရက် ခံစားလိုက်ရတယ်။ သူမ မော့ကြည့်ပြီး မျက်နှာကို လှည့်ကာ ပြုံးပြုံးလေး မေးလိုက်သည် "ဘာဖြစ်နေတာလဲ"

လျှို့ဝှက်စွာ စိုက်ကြည့်ရင်း ဖမ်းမိသွားသောအခါ အကြည့်ကို ကမန်းကတန်း လှည့်လိုက်ပြီး သူ့မျက်လုံးများက ဤပုံစံအတိုင်း ကြည့်နေသော်လည်း သူမကို မကြည့်ရဲတော့ပဲ ရှက်ရွံ့နေပုံရသည်။

သို့သော် သူ့စိတ်ထဲတွင် သိချင်စိတ်ကို မကျော်လွှားနိုင်ဘဲ ခဏတာ တုံ့ဆိုင်းသွားပြီး
နောက် နောက်ဆုံးတွင် "မင်းမျက်နှာမှာ အမာရွတ်တွေ ဘာလို့ ဒီလောက်များနေတာလဲ" ဟု မေးရန် ပါးစပ်ကို ဖွင့်ထားဆဲဖြစ်သည်။

ထိုမေးခွန်းကို အမှတ်ရစရာအနေဖြင့် ရေကန်ထဲသို့ နစ်မြုပ်ပြီးနောက်တွင် သူမ၏ မျက်နှာကို ရေသန့်သန့်ဖြင့် ဆေးကြောလိုက်ကာ သူမ၏ ဆိုးရွားသော အမာရွတ်များရှိသည့် မျက်နှာသည် ထိုအချိန်တွင် ထင်ရှားစွာ ပေါ်လွင်လာကြောင်းကို အမှတ်ရမိသည်။

သူမ၏လက်ကို ဆန့်တန်းကာ သူ့မျက်နှာကို ကိုင်ရင်း "မိန်းမဆိုးတစ်ယောက်က ဓားကိုင်ပြီး ငါ့မျက်နှာကို လှီးဖြတ်ပစ်လိုက်တယ်" လို့ ပြောလိုက်တယ်။ သူမ၏ လေသံသည် အနည်းငယ် ထူးထူးခြားခြား ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူမ၏ မျက်လုံးများအတွင်း နက်ရှိုင်းစွာ မျိုသိပ်ထား‌ေသာအမုန်းတရားများကသတိထားမိနိာင်အောင်ကို အေးစက်နေသည်။

ဖီးနစ်လေးသည် ထိုစကားကိုကြားသောအခါ အနည်းငယ် မျက်မှောင်ကြုတ်ကာ "ဘာလို့ ပြန်မတိုက်တာလဲ" ဟု မေးသည်။

"ကျွန်တော်က သူမနဲ့ယှဥ်ရင်အားနည်းလွန်းတယ်။" သူမသည် ကျဉ်းမြောင်းသော မျက်လုံးများဖြင့် စိတ်ထဲမှာ တွေးတောရင်း ပြောလိုက်သည် [အဲဒီတုန်းက သူမဟာ ဒီခန္ဓာကိုယ် ပိုင်ရှင် မဟုတ်ခဲ့ဘူ။ သူသာအဲဒီမှာရှိနေခဲ့မယ်ဆိုရင် ဝမ်းနည်းစရာကောင်းတဲ့အခြေအနေအထိ ဖြစ်သွားမှာမဟုတ်ဘူး။]

 "ကျွန်တော်က သူမနဲ့ယှဥ်ရင်အားနည်းလွန်းတယ်။"  သူမသည် ကျဉ်းမြောင်းသော မျက်လုံးများဖြင့် စိတ်ထဲမှာ တွေးတောရင်း ပြောလိုက်သည် [အဲဒီတုန်းက သူမဟာ ဒီခန္ဓာကိုယ် ပိုင်ရှင် မဟုတ်ခဲ့ဘူ။  သူသာအဲဒီမှာရှိနေခဲ့မယ်ဆိုရင် ဝမ်းနည်းစရာကောင်းတဲ့အခြေအနေအထိ ဖြစ်သွားမှာမ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"မင်း အားနည်းတယ်လို့ ငါပြောတုန်းက မင်းငါ့ကို မယုံဘူး။ ဒါပေမယ့် အဆင်ပြေတယ်မလား! ငါ့ကိုယ်ငါ လေးစားသရွေ့ အားကောင်းနေသရွေ့ငါ့ရဲ့ ရိုသေလေးစားမှုဟာ မင်းကို အနာဂတ်မှာ ငါကာကွယ်‌ေပးပါ့မယ်။"

ကလေးလေးက သူ့နောက်ကျောကို တည့်တည့်မတ်မတ်ထားပြီး သူ့မျက်နှာသေးသေး
‌ေဖာင်း‌ေဖာင်းလေးမှာ တင်းမာတဲ့အမူအရာနဲ့ "မင်းမျက်နှာကို လှီးဖြတ်တဲ့သူက ဘယ်သူလဲဆိုတာ ငါ့ကိုပြောစမ်း။ ငါ့ မင်းအတွက် လက်စားချေ‌ေပးမယ်!"

စွဲမက်ဖွယ်ကောင်းသော သရဲဆရာ၀န်Where stories live. Discover now