Part 17(Uni+Zawgyi)

Start from the beginning
                                    

​ခေတ်လည်း ​ရွှေဘုန်း နားခန်းထဲတွင် ​စောင့်​နေရင်း ​ဘေးက ခုတင်​ပေါ်တွင်ဝင်လှဲလိုက်သည်။

​ရွှေဘုန်း meeting ပြီး​တော့ ကိုသူရက ဒီ​နေ့ dinnerမရှိ​တော့​ကြောင်း၊ boss ရုံးဆင်းလို့ ရပြီဖြစ်​ကြောင်း ​ပြော၏။

"မင်္ဂလာပါ boss
ဧည့်သည်​ရောက်​နေပါတယ် "

"ကိုယ် ဒီ​နေ့ ချိန်းထားတာ မရှိဘူး၊
မချိန်းထားဘဲဘယ် ဧည့်သည်နဲ့မှမ​တွေ့နိုင်​​ဘူး "

"ကိုစည်သူကို ကျ​နော်ပြန်မယ်လို့ ​ပြော​ပေးပါ ကိုသူရ"

" ဟုတ်ကဲ့ boss "

ပြတ်သားလွန်းတဲ့ သူတို့ boss က တည်ငြိမ်စွာ ​ပြောလာ၏။ ဧည့်သည်ကို​တွေ့ရမှာဆိုးတာ​
ကြောင့် အခန်းထဲ​တောင်မဝင်​တော့ဘဲပြန်မယ်ဆိုသည်  ။ ​ဝန်ထမ်း​ကောင်မ​လေးများက ​သူတို့Boss ကို ပျာပျာသလဲ​ကြောက်လန့်ကာ ရှင်းပြကြ၏။

"ဟုတ်ကဲ့ပါ  boss ဧည့်သည်က
ကိုစည်သူ လာထား​ပေးတာပါ
သမီးတို့က ငြင်းပါ​သေးတယ်
ဧည့်သည်က အကို တခေတ်ဆန်းသစ်ပါတဲ့"

"ဟင်!!!!"

​ရွှေဘုန်းနှလုံးသားတစ်စုံ​ပေါက်ကွဲထွက်သွားခဲ့ပြီ။ ဒီ​နေ့ အလုပ်အ​စောပြီးလို့ ​ခေတ်ဆီသွား​အ​ချောခံမလို့ စိတ်​လော​​နေတာ။ စိတ်ဆိုးထားလို့ အ​ချော့ခံချင်တာလည်း ပါတာ​ပေါ့ ။ ​ရွှေဘုန်း တ​စ်ယောက် ကိုသူရ  ကို​တောင် စကားမ​​ပြောနိုင်​​အောင် မ​ပြေးရုံတမယ် သူ့အခန်းဆီသို့ဝင်သွားသည်။ အခန်းထဲ​ရောက်​တော့ ​ခေတ်ကိုမ​တွေ့။ ဆက်ရှာ​လိုက်တော့ ​ရွှေဘုန်း နားခန်း ခုတင်​ပေါ်မှာ အိပ်​နေတဲ့ ​​မောင့်​ခေတ်​​လေး ။

​ခေတ်​လေး မျက်နှာ​ပေါ်ကျ​နေတဲ့ဆံပင်​တွေကိုဖယ်လိုက်ပြီး ။

"ရွှတ်" ပါးနှစ်ဖက်ကို နမ်းလိုက်၏။
လှုပ်လာကာ နိုးလာပြီဖြစ်တဲ့ ​​ခေတ်​လေးက  

"အင်..ဟင်  ...မောင့် "

"ပြွတ် ​​ခေတ်​လေးနိုးလာပြီလား "

"နိုးပြီ​ပေါ့ အတင်းနမ်း​နေတဲ့ စိတ်ဆိုး​နေတဲ့ ​ပေါက်စ​လေး​ကြောင့် "

Forever Together  (Completed)Where stories live. Discover now