Part 17(Uni+Zawgyi)

Start from the beginning
                                    

'ဟာာ ​မောင် စိတ်ဆိုးပြန်ပြီကွာ '

​​ရွှေဘုန်းက ခေတ်ကို ချစ်သလို အရမ်းလည်းသဝန်တို သည်။ ​ခေတ်​ကြောင့်စိတ်ဆိုးပြီဆို ​ခေတ်က အရင်ပြန်​လျော့မှ သူက စိတ်ဆိုး​ပြေတာ ။ ​​​ခေတ် ကတစ်ခွန်း​လောက် ပြန်​ချော့ လိုက်ရင် ​​မောင်က အလိုလို စိတ်​ဆိုးပြေပြီးသားဆိုတာ သိတယ်။  ​မောင်က​တော့ ​ခေတ်ကို  စိတ်ဆိုး​အောင်ဘယ်​တော့မှမလုပ် ။ သူ့ဘဝရဲ့အရာရာဟာ ​ခေတ်ပဲ​လေ ။
​မောင့်​ကြောင့်​ခေတ် ခဏ ​လေးစိတ်ဆိုးမိပါက ချက်ခြင်း လိုက်​​ချော့တာ  ။

~~~~~~~~~~~

၂ရက်​လောက်ကြာ စိတ်​ကောက်​နေတဲ့ ​မောင့်ဆီသို့​ချော့ရန်​ရောက်လာခဲ့သည် ။ ​မောင့်ကုမ္ပဏီကို တစ်​ယောက်ထဲ မလာဘူး​ပေမယ့် ဒီ​​နေ့​တော့ သူကို ​ချော့​ဖို့ ​ရောက်လာခဲ့ရသည်။ ကားပါကင်မှာ ကားထားပြီး lift နဲ့ အ​ပေါ်တက်ခဲ့၏။
​မောင်အရင်တခါ ​ခေါ် သွားဖူး​တော့ သူ့အခန်း​ရှေ့ ​ရောက်လာခဲ့၏။

​မောင့်အခန်း​ရှေ့​ကောင်တာမှ မိန်းမ​ချော​လေးများက

"အကို ဘယ်သူနဲ့​တွေ့ချင်လို့ပါလဲ"

​"ကိုရွှေဘုန်းတန်ခိုးနဲ့ပါ "

"ဟုတ် အကို boss နဲ့ ကြို တင်ချိန်းထားမှ ​တွေ့လို့ရမှာ "

"ဪ ဟုတ်လား
ဒါဆို အကို ပြန်လိုက်ပါအုန်းမယ်​နော် "

​​ခေတ်လည်း ပြန်ရန်အထွက်မှာ ရွှေဘုန်း driver နဲ့ ​တွေ့လိုက်သည် ။

"အကို ​ခေတ်
သခင်​လေးဆီလာတာလား "

"ဟုတ်​တယ် ကိုစည်သူ "

"ထိုင်​စောင့် လိုက်ပါအုန်း ခဏ​နေ boss meeting ပြီး​​တော့မှာပါ "

"လာ အကို ​ခေတ် "

ကိုစည်သူ​ခေါ်လာ​​တော့ ရွှေဘုန်း အခန်း​ရှေ့က  ဧည့်ကြို ​ကောင်မ​လေးများက မျက်လုံးပြူး စွာ ​ခေတ်ကို ဝိုင်းကြည့်​​နေကြသည်။

ကိုစည်သူက​တော့ ဧည့်ကြို​ကောင်မ​​လေး​တွေကို  boss ရဲ့ Vvip လို့သာ အသိ​​ပေးလိုက်၏။  ဧည့်သည် မှတ်တမ်းမှာတော့ ကို စည်သူ ​ပြောတဲ့ နာမည် ကိုမှတ်ထားလိုက်၏။

Forever Together  (Completed)Where stories live. Discover now