Part 16(Uni+Zawgyi)

Start from the beginning
                                    

"ဘာလို့လည်း ​မေကြီးရဲ့ "

"သား​ခေတ်မရှိဘူး​လေ
ဘန်​ကောက်မှာ သင်တန်းသွားတက်​နေတယ် "

"ဟာား ​အေးပါကွာ
ဒါ​ကြောင့် ငါ့သား ကို ​..."

"ဒယ်ဒီက​တော့ ​ပြောပြီ
သားက လွမ်း​နေပါတယ်ဆို "

​ရွှေဘုန်းက breakfast ကို ​ခေတ်နဲ့​နေတိုင်း စားတတ်သည်။ မအားတာ​တောင် မဖြစ်မ​နေ မနက်တိုင်း ​ခေတ်ကို​တွေ့ပြီးမှ အလုပ်သွားတာ ထုံးစံ။

"သား​လေး အကြိုက် မုန့်ဟင်းခါး "

​"ကျေးဇူး ကြီးသူ
ကြီးသူ သားလုပ်ခိုင်းထားတာ​တွေ ပြီးပြီလား "

"ပြီးပြီသား​လေး အဆင်သင့်ပဲ"

စားပွဲ​ပေါ် ​ရောက်ချလာတဲ့ အထုပ်ကြီးတစ်ထုပ် ။

"ဘာ​တွေလည်း ငါ့သားရ "

​"ခေတ်အတွက် ပစ္စည်းသွားပို့မလို့ ဒယ်ဒီ
ဟိုမှာ တ​စ်ယောက်ထဲဆို သူက ဘာမှစားမှာ မဟုတ်လို့ "

"ဪ ငါ့သားက အ​ဖေထက်​တောင် ချစ်တတ်တာပဲကိုကွ "

"ဟာာ ဒယ်ဒီ "

​ရွှေဘုန်း တစ်ပတ်တစ်ခါ ​ခေတ် အတွက် ဘန်​ကောက်ကို အ​ကြော်အ​လှော် နဲ့ဟင်း​တွေပို့​ပေးသည်။ ​ခေတ်ပင်ပန်း​နေမှာဆိုးလို့ ဟိုမှာဘာမှ မချက်ခိုင်းပါ ။ သူက အပြင်စာမစား​တော့ ဒီကမပို့​ပေးလို့ဖြစ်။ ​

~~~~~~~~~

"သားရီး ဘယ်လို လည်း မျက်နှာမှာလည်း အလွမ်းရိပ်​တွေနဲ့ပါလား "

​"အေး​ပေါ့ကွာ
မင်းတို့က ​အချစ်ရှိတဲ့သူ​တွေဆို​တော့​ပြောအားရှိတာ​ပေါ့ "

​ခေတ်မရှိ​တော့မှ ​ရွှေဘုန်း သူငယ်ချင်း​တွေနဲ့အမြဲဆုံဖြစ်သည် ။ အခုလည်း သူတို့အဖွဲ့ bar မှာ ထိုင်​သောက်​နေကြတာ ။

"တန်ခိုးတို့လည်း အကို ​ခေတ်မရှိမှဘဲ ငါတို့ကို သတိရ​တော့တယ် "

​"အေး​ပေါ့ကွ ခန့်မင်းရ
ငါက မင်းတို့ကိုသတိရစရာလား
အခု​တောင် ငါ့အသဲ​လေးမရှိလို့ "

​"အေးပါကွာ မင်းက​တော့စိတ်ဓါတ်ပဲ "

တစ်ခွက်ပြီးတစ်ခွက် ​သောက်လိုက်တာ ​ရွှေဘုန်းတ​စ်ယောက် ​မှောက်သွား​တော့သည် ။ တခါမှ အဲ့လို မူး​အောင် မ​သောက်ဖူးတဲ့သူ။ အဏ္ဏဝါတို့ ၂​ယောက် မျက်လုံးပြူးကာ ဘယ်လိုလုပ်အဲ့​လောက်​သောက် လိုက်သည်မသိ။
​​ခေတ်က ​​ရွှေဘုန်း ​သောက်ပြီး ကား​မောင်းတာ လုံးဝမကြိုက် ။ အဲ့​ကြောင့် ​ရွှေဘုန်း bar လာတိုင်း သူ့ driver ကိုစည်သူ အမြဲပါ သည်။

Forever Together  (Completed)Where stories live. Discover now