𝟭. 𝗦𝘁𝗿𝗮𝗻𝗴𝗲 𝗛𝗼𝘂𝘀𝗲

Start from the beginning
                                    

သူအပြင်ထွက်လိုက်တာနဲ့ မကောင်းတဲ့ကိစ္စတစ်ခုမဟုတ်တစ်ခုက ဖြစ်စမြဲဖြစ်သည်။ တစ်စုံတစ်ယောက်ကို ထိခိုက်မိတာဖြစ်ဖြစ်၊ တိရစ္ဆာန်လေးတွေကို လက်လွန်မိတာဖြစ်ဖြစ်၊ ဆရာမကို စိုက်ကြည့်လို့ အဆူခံရတာဖြစ်ဖြစ် တစ်မျိုးပြီးတစ်မျိုးဖြစ်တတ်လွန်းလို့ နောက်ဆုံးမှာတော့ ကျောင်းမလွှတ်တော့ပဲ အိမ်မှာပဲ ထားရတော့သည်။ ထို့ကြောင့် သူများတွေလို ကျောင်းသားဘဝကို ပျော်ပျော်ပါးပါး မကုန်ဆုံးခဲ့ရသလို ကျောင်းတက်ရတာ ဘယ်လိုခံစားချက်လဲဆိုတာမျိုးကို သူမသိခဲ့။ သေချာတာက လူတွေကြားထဲမှာ သူနေနေမိရင် တစ်ခုမဟုတ် တစ်ခု လုပ်တတ်တာကိုသာဖြစ်သည်။

သူဟာ တစ်ယောက်တည်း တစ်သီးတစ်သန့် နေတတ်ပြီး အများနဲ့ ထိတွေ့ဆက်ဆံရတာကို အလွန်မုန်းသည်။ အတူနေတဲ့ အိမ်တော်ထိန်းနဲ့တောင် တစ်နေ့လုံးနေမှ စကားတစ်လုံးကွဲအောင် မပြောတတ်သလို အကြာဆုံးပြောလျင် ၅မိနစ်သာရှိသည်။ စကားပြောလိုက်တိုင်းလည်း စကားလုံးတွေက သူ့အကြည့်တွေလို အမြဲအေးစက်နေတတ်ပြီး အသက်မပါတာကြောင့် တစ်ခါတစ်ရံဆို စက်ရုပ်လို့တောင် ထင်ရသည်အထိဖြစ်သည်။

မျက်တောင်ခတ်သွားပြီး ခြေထောက်ကို အောက်ချကာ ပန်ကာဆီက အကြည့်လွှဲလိုက်သည်။ တစ်ယောက်တည်းရှိနေချိန်ဆို ဘာရယ်မဟုတ် အရာဝတ္ထတစ်ခုခုကို စူးစူးစိုက်စိုက်ကြည့်နေတတ်ပြီး တစ်စုံတစ်ယောက် ဝင်လာလျင်တော့ အကြည့်တွေဆိုတာ ဖယောင်းချပ်လို ကွာကျသွားတတ်သည်။ အခုလည်း ခြေထောက်အောက်ချပြီး အိမ်တော်ထိန်းကြီး လာပေးတဲ့ သူ့အကြိုက် ဖရဲသီးဖျော်ရည်လေးကို ယူကာ တစ်ငုံမော့သောက်လိုက်သည်။ ရင်ထဲကို ဖျော်ရည်အေးအေးလေးတွေ ကျဆင်းသွားလို့ထင်သည်။ လန်းဆန်းသွားသလို အမူအရာလေးနှင့် အိမ်တော်ထိန်းအား ပြုံးပြသည်။ တစ်ခုတော့ရှိသည်။ ဒီကောင်လေးပြုံးလျင် အလွန်ချစ်ဖို့ကောင်းသည်။

ထို့နောက် ဖန်ခွက်လေးကိုယူကာ ပြတင်းပေါက်နား လျှောက်သွားလိုက်ပြီး ပတ်ဝန်းကျင်ကို ငေးမောဖို့ ပြင်လိုက်သည်။ အိမ်တော်ထိန်းကတော့ လင်ဗန်းလေးကိုင်ကာ သူ့အနားက ပြန်လှည့်ထွက်လာသည်။ အပြင်က ရာသီဥတုဟာ သိပ်မပူသလို သိပ်လည်း မအေး။ မှုံမှိိုင်းနေတာမဟုတ်သလို ကြည်လင်နေတာလည်းမဟုတ်။ ဒီတိုင်းလေး ရှင်းရှင်းပြေပြေလေးနဲ့ လေနုနုလေးတွေ တိုက်ခတ်နေသည်။ ခြံထဲက ပန်းပင်တွေက အရောင်မျိုးစုံစိမ်းစိုနေပြီး လေတိုက်ခတ်မှုကြောင့် လှုပ်တလှည့်၊ မလှုပ်တလှည့်နှင့် ကြည့်ကောင်းသည်။

𝐈'𝐦 𝐲𝐨𝐮𝐫 𝐏𝐬𝐲𝐜𝐡𝐨 || 𝐘𝐮𝐦𝐚𝐫𝐤Where stories live. Discover now