𝟭. 𝗦𝘁𝗿𝗮𝗻𝗴𝗲 𝗛𝗼𝘂𝘀𝗲

793 56 4
                                    

၁။ ထူးဆန်းသော အိမ်ကြီး

တစ်ခန်းလုံးအပြည့်နေရာအနှံ့ကို ဝေ့ဝဲကာ လေအေးတွေ ထုတ်လွှတ်ပေးနေသော ပန်ကာကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေတဲ့ ကောင်လေးတစ်ယောက်ရှိသည်။ ပန်ကာက သူထိုင်နေတဲ့ နေရာကို ရောက်လာလိုက်၊ တခြားနေရာတွေကို လေအေးအေးတွေ ဖြန့်ကျက်ပေးလိုက်နဲ့ လည်ပတ်လှုပ်ရှားကာ အလုပ်ရှုပ်နေလေ၏။ စိုက်ကြည့်နေမိတဲ့ ပန်ကာလေးဟာ ရှေးဟောင်းပစ္စည်းဖြစ်လို့ ဖုန်အနည်းငယ်တက်နေပြီး လေသိပ်မရသလို လည်ပတ်မှုနှုန်းလည်း အားနည်းသည်။

သို့သော် သူကတော့ အဲ့ဒီပန်ကာအဟောင်းလေးကိုပဲ ဖွင့်ထားပြီး မျက်တောင်တစ်ချက်မခတ်ပဲ စိုက်ကြည့်နေမိတာ တစ်နာရီနီးပါးပင် ရှိလာခဲ့သည်။ လက်ပေါ်ကို သူ့မေးစေ့လေးတင်ကာ ထောက်ထားလျက်ရှိနေပြီး မျက်လုံးသေနဲ့ စိုက်ကြည့်နေတာကို အခန်းထဲဝင်လာတဲ့ အိမ်တော်ထိန်းကြီးက တွေ့သွားသည်။ လက်ထဲက ဖရဲသီးဖျော်ရည်လေးကို ကောင်လေး ခြေထောက်တင်ထားတဲ့ စားပွဲပေါ်ကို ချပေးလိုက်တော့မှ သူ့မျက်တောင်လေးတွေ ခတ်စပြုလာသည်။

သူ့နာမည်က အီမင်ဟျောင်း။ ကိုရီးယားလူမျိုးဖြစ်ပြီး ကနေဒါမှာ ကြီးပြင်းလာခဲ့တဲ့ ကောင်လေးဖြစ်သည်။ သူ့ရဲ့ အကျင့်က လူတစ်ယောက်ကိုဖြစ်ဖြစ်၊ အရာဝတ္ထုပစ္စည်းတစ်ခုခုကိုဖြစ်ဖြစ် မျက်လုံးသေနဲ့ စိုက်ကြည့်နေတတ်ပြီး အောက်နှုတ်ခမ်းပေါ်က အရေခွံတွေကို သွေးထွက်သည်အထိ ခွါချတတ်သည်။ စိတ်လှုပ်ရှားတဲ့အခါ လက်သည်းကိုက်တတ်ပြီး လက်သည်းအချင်းချင်း ပွတ်နေတတ်သည်။ တစ်စုံတစ်ယောက်က သူ့ကိုစကားပြောရင် ထိုလူနဲ့ မျက်လုံးချင်းဆုံအောင် စိုက်ကြည့်နေတတ်ပြီး တစ်ဖက်သားကို အနေရခက်တဲ့ထိ လုပ်နိုင်စွမ်းရှိသည်။

သူ့ရဲ့ အင်္ဂလိပ်နာမည်က Mark ဖြစ်ပြီး ငယ်ငယ်ကတည်းက နိုင်ငံခြားမှာပဲ ကြီးပြင်းခဲ့လို့ ကိုရီးယားနယ်မြေနဲ့ သူဟာ သိပ်မရင်းနှီးသေးပေ။ တစ်ဦးတည်းသောသားလေးဖြစ်ပြီး မိဘနှစ်ပါးကတော့ သူ့အသက် ၁၃နှစ်အရွယ်ကတည်းက ဆုံးပါးသွားခဲ့သည်။ ဒါကြောင့် သူ့အတွက် ၁၃ ဂဏန်းဟာ ကံဆိုးခြင်းတွေ သယ်ဆောင်ပေးသော နံပါတ်တစ်ခုလို့ သူယူဆသည်။ အခု သူ့အသက် ၁၉နှစ်အရွယ်အထိ သူဟာ ဒီအိမ်တော်ထိန်းကြီးနဲ့ပဲ နှစ်ယောက်တည်း ဒီအိမ်ကြီးမှာ နေလာခဲ့ရသည်။ လူမှုပေါင်းသင်းဆက်ဆံရေး ညံ့ဖျင်းပြီး လူတွေနဲ့ ဘယ်လိုထိတွေ့ဆက်ဆံရမလဲဆိုတာကို မသိတဲ့ သူ့အတွက် ငယ်ငယ်ကတည်းက မိဘတွေဟာ ကျောင်းမပို့ပဲ အိမ်မှာပဲ စာသင်စေခဲ့သည်။

𝐈'𝐦 𝐲𝐨𝐮𝐫 𝐏𝐬𝐲𝐜𝐡𝐨 || 𝐘𝐮𝐦𝐚𝐫𝐤Where stories live. Discover now