ဒီhostတစ်ယောက်နဲ့သူတကယ်သေချင်စော်နံနေပြီ။အခုလည်းမျက်မှန်မတပ်ဘဲအတင်းကာရော ထွက်သွားပြန်ပြီ။

mallရောက်တာနဲ့ ဈေးကြီးပစ္စည်းအကုန်လိုက်စပ်စုပြီးလိုက်ကိုင်နေသောရှောင်းကျန့်ရယ်ပါ။

''ဟဲ့ဟဲ့ ဟိုမှာ ဂင်ဆောဟိုoppaမှတ်လား''

''ဟဲ့ ဟုတ်ရောဟုတ်လို့လား ဟင်ဆောဟိုကအဲ့လိုမျိုးတွေသွားလာတတ်တဲ့လူမျိုးမှမဟုတ်တာ''

''ဟုတ်ပါတယ်အေ ငါ့oppaကိုငါမှတ်မိတာပေါ့ အားးးးoppaက တစ်ကိုယ်လုံးကိုဖုံးပြီးလာလည်းသူ့ရဲ့ချောမောမှုတွေကတော့ထင်းထွက်နေတာပဲဟယ်''

ရှောင်းကျန့်စိုက်ကြည့်ခံနေရသလိုခံစားရတာကြောင့် လှည့်ကြည့်လိုက်တော့သူ့ကိုကြည့်နေတဲ့ကောင်မလေးတွေ။နေပါဦး သူကအဲ့လောက်ထိနာမည်ကြီးတယ်လို့တော့မပြောနဲ့နော်။

''ဂင်​ဆောဟိုoppa ဟုတ်တယ်မှတ်လား''

''တကယ်ကြီး oppaပဲ အား ချစ်တယ် oppa''

''oppaရေ oppaကြောင့်ကျွန်မတော့သေတော့မှာပဲ ချောလိုက်တာ maskတပ်ထားတာတောင်မှ''

တစ်ယောက်ကစပြောလိုက်တာနဲ့ အုံးအုံးကျွတ်ကျွတ်ညံလာတဲ့fanတွေကြောင့် ဂင်ဆောဟို ခေါင်းတောင်ကိုက်ချင်သွားတယ်။ဒါကဘယ်လိုအ​ခြေအနေကြီးလဲ။ရှောင်အာကလည်းအခုထိကားပါကင်ကနေ ရောက်မလာသေးဘူး။မတတ်နိုင်ဘူး ပြေးမှရတော့မှာပဲ။

ဂင်ဆောဟို ပြေးနေရင်းပင် တော်တော်ဝေးဝေးရောက်သွားလေသည်။ထိုအချိန် ရှေ့က လူတယောက်နှင့် ဝုန်းကနဲ ဝင်တိုက်မိလေသည်။ဂင်ဆောဟိုလည်း မော့ကြည့်လိုက်တော့ တွေ့လိုက်ရတဲ့သူကြောင့် မျက်လူံးပြူးသွားသလို တဖက်မှလည်း သူ့ကိုကြည့်ကာ အံ့သြသွားပုံရသည်။

ထို့နောက်နှစ်ယောက်လူံးဆီမှ

"ဟိုလေးး"

"ဟင် လီဆိုးဂျွန်"

''ဟိုလေး ဒါကဘယ်လိုဖြစ်''

''မင်းကဘာလို့ဒီရောက်နေတာလဲ''

''ဒါက ကိုယ်က...''

''နေ နေတော့ အခုဒါကအရေးမကြီးဘူး ငါသွားမှရတော့မယ်''

''နေပါဦး ဟိုလေးရဲ့''

ကြင်ယာတော် အဆိုးလေး(System)Where stories live. Discover now