Arc-4.6

3.2K 344 42
                                    

Unicode

"ဟားဟား ငါနင့်ကို ထပ်သတ်ပစ်မယ်"

"နင့်ကြောင့် နင်သာ ပေါ်မလာရင် Paravatက ငါ့ကိုဘဲ ချစ်မှာ"

[လင်တာရူးမ ကိုယ့်အမတောင်သတ်တယ်]

[ဟုတ်ပ Hostရယ် ကြောက်စရာကြီး]

သရဲမဖြစ်တဲ့ Chariyaမှာတော့ ဘာမှပြန်မပြောဘဲ မျက်လုံးစိမ်းကြီးနှင့် သာကြည့်နေလေသည်။ ဇာတ်လိုက်ရဲ့ မျက်လူံးထဲမှာတော့ ချစ်မြတ်နိုးမှုရော ဝမ်းနည်းမှုကိုပါ မြင်နေရလေသည်။

"နင်သေလိုက်တော့"ရုတ်တရက် ဇာတ်လိုက်မမှ စိတ်ရူးဖောက်ကာ သရဲမအား ဓားနဲ့သွားထိုးလေသည်။သိူ့သော် ကိုယ်ပြုသည့်ကံ ကိုယ်ထံပြန်ခံရသလို လမ်းတဝက်တွင် ချော်လဲကာ ကိုယ့်ဓားနဲ့ကိုယ် ပြန်ထိုးမိသွားလေသည်။
.....

ဖျော်ဖြေပွဲနေ့

ပြဇာတ်ရုံတခုလူံး လူပေါင်းစုံနှင့်ပြည့်နှက်နေကာ အကြိတ်အနယ် အားပေးကြလေသည်။ခန်းမထဲတွင်လည်း များလွန်းတာကြောင့် လူတောင် မဆံ့ချင်ဖြစ်နေလေသည်။

နောက်ဆူံးတွင်တော့ ဖျော်ဖြေပွဲတလျှောက်လူံး ကောင်းကောင်းမွန်မွန် အဆင်ပြေစွာဖြင့် ပြီးသွားလေသည်။

ဇာတ်လိုက်မအကြောင်းပြောရမယ်ဆိုရင်တော့ လွန်ခဲ့တဲ့ရက်က ဇာတ်လိုက်မက ကိုယ့်ကိုယ်ကို ဓားနဲ့ထိုးမိပေမဲ့ ဇာတ်လိုက်မရောင်ဝါကြောင့် မသေဘဲအသက်ရှင်ခဲ့လေသည်။သိူ့သော် ဦးနှောက်တော့ ချောင်သွားကာ ရူးသွားလေသည်။

ထို့ပြင် Niranရဲ့အရင်က လူသတ်ဖူးတဲ့ အမှုများကိုပါမိသွားလေသည်။သူဟာ သူ့ထက်သာတဲ့သူများကို မနာလိုစိတ်​ဖြင့် သတ်ခဲ့လေသည်။သေချာတာကတော့ ဇာတ်လိုက်မဟာ ထောင်ထဲမှာဘဲ အရိုးဆွေးတော့မယ်ဆိုတာပါဘဲ။

သရဲမကတော့ ထိုနေ့မှာ ဇာတ်လိုက်ကို ဆွေးဆွေးမြည့်မြည့်ကြည့်ကာ ပျောက်ကွယ်သွားလေသည်။ရဲများကတော့ Chariyaသေဆုံးကြောင်းနဲ့ ပတ်သက်၍လည်း နှစ်အလွန်ကြာပြီ ဖြစ်တာကြောင့် အမှုကို မနည်း ပြန်ဖော်ကာ ဇာတ်ကြောင်း ဖော်ထုတ်လိုက်လေသည်။

လူအများမှာတော့ ထို ကိစ္စကြောင့် Chariyaနဲ့ Parachutကို သနားနေကြသလို Chariyuကိုတော့ သူများချစ်ခြင်းကိုဖျက်စီးပြီး မနာလိုတဲ့ မိန်းကလေးဟု သတ်မှတ်လိုက်ကြလေသည်။ထို့ပြင် Chariyaနဲ့ Parachutကိုလည်း နောက်ဘဝတွေကျ ​ပေါင်းဖက်ရအောင် ဆူတောင်းပေးကြလေသည်။

ကြင်ယာတော် အဆိုးလေး(System)Where stories live. Discover now