Arc-3.6

4K 417 48
                                    

Unicode

စားသောက်ဆိုင်တစ်ဆိုင်၏ Vipခန်းထဲတွင် လူ၄ယောက်ထိုင်နေလေသည်။အတိအကျဆိုလျှင် Vampireဘိုးတော် နှစ်ယောက်ဖြစ်တဲ့Leoနဲ့Jameရယ် Haunterနုနုထွတ်ထွတ်လေး Ethanရယ် Werewolfအလှလေး Seanရယ်ဖြစ်သည်။

အကြောင်းမှာ Ethanတစ်ယောက် Werewolfမင်းသား​ ဖြစ်သည့် Seanနှင့် တွေ့ချင်သည်ဆိုသောကြောင့် Jameမှ Leoကိုပြောလိုက်ခြင်းဖြစ်သည်။Leoမှလည်း Seanကိုပြန်ပြောရာ Seanမှာလက်ခံသောကြောင့် ၄ယောက်ဆုံနေခြင်းဖြစ်သည်။ထို့နောက် Ethanမှ သိချင်သည့်အကြောင်းများကို Seanအားမေးလေသည်။

Seanကလည်း သူ့အကြောင်းများကိုပါပြောပြလိုက်လေသည်။Ethanကတော့ Seanပြောသောအကြောင်းအရာများကိုနားထောင်ပြီး အံ့သြနေကာ

"အမဖြစ်ပြီး လုပ်ရက်တယ်နော်"

Seanကတော့ ဘာမှမပြောဘဲ ပြုံးရုံသာပြုံးသည်။သိူ့သော် စိတ်ထဲတွင်တော့

[ရှောင်အာ Jessicaကငါ့အမအရင်း မဟုတ်ဘူးမလား]

[Wow Host Bravoooo တော်လိုက်တာ ဘလိုသိသွားတာလဲ]

[အရင်ကသံသယတွေ​ရော Ethanပြောတာပါ စဥ်းစားလိုက်တာလေ မောင်နှမအရင်းသာဆို စိတ်ဓာတ်ကအဲ့လောက်ကွာစရာမှ မလိုဘဲ အဖေရောအမေရောက စိတ်ပုတ်စိတ်ယူတ်မှ မရှိတာ]

[ဟုတ်ပါတယ် Hostတကယ်တော့ Jessicaကမွေးစားသမီးပါ Jessicaအဖေနဲ့အမေက သေသွားတာကြောင့်ပါ။  Hostမိဘတွေက Jessicaကိုသနားပြီး မွေးစားလိုက်တာပါ။Jessicaက သူ့အမေ တူတာပါ။သူ့အဖေကစိတ်ထားကောင်းသလောက် သူ့အမေက အကျင့်မကောင်းပါဘူး။တနေ့ Hostမိဘတွေစကားပြောသွားတာကြားပြီ သူ့ကိုယ်သူမွေးစား သမီးမှန်းသိသွားတာပါ။ ဒါကြောင့် သူ့ပိုင်ဆိုင်မှုတွေကို Hostတစ်ယောက်တည်း အပိုင်ရမှာ စိုးလို့ ပြောင်းလဲသွားတာပါ]

[ဟမ့် လူတွေများ ကိုယ်မပိုင်တာကို သိပ်မက်ကြတာဘဲ ဘလိုနေနေ ခေါင်းဆောင်နေရာနဲ့ သူက အဝေးကြီးကို မွေးစားတဲ့ကျေးဇူးမှမထောက် ခြေနှစ်ချောင်းမကယ်ကောင်းဆိုတာ အဲ့ဒါကိုပြောတာ ကျွေးတဲ့လက် ပြန်ကိုက်]

[အမလေးတခုနဲ့ နှိုင်းပြရင် နားလည်ပါပြီ Hostရယ်]

[ဟဲဟဲ ပြောရင်းအရှိန်လွန်သွားတာ]

ကြင်ယာတော် အဆိုးလေး(System)Where stories live. Discover now