Arc-6.2

2.6K 316 19
                                    

Unicode

Iris ဇာတ်လိုက်တို့ရှိရာဆီ ရောက်သွားချ်န် အကြည့်စူးစူးကိုခံစားလိုက်ရတာကြောင့် လှည့်ကြည့်လိုက်တော့ သူ့ကိုမူန်းတီးစွာကြည့်နေတဲ့ ဇာတ်လိုက်မ Vixenကိုတွေလိုက်ရသည်။Irisလည်း ဇာတ်လိုက်မကို မျက်ခုံးတဖက်ပင့်ကာ နှုတ်ခမ်းတွန့်ပြလိုက်လေသည်။

ထိုအရာကိုဘေးနားမှ ဖူတ်လေးကဘာထင်သည်မသိ သူ့အားနှာမှုတ်ကာ စိတ်ကောက်သွားလေသည်။Irisမှာတော့ ကလေးထိန်းနေရတဲ့သူ့အဖြစ်ကိုဘဲ တွေးရီလိုက်ကာ ဖုတ်လေးအား နောက်မှချော့ရန်စဥ်းစားလိုက်ပြီး ဇာတ်လိုက်ဆီကို ဦးဆူံးသွား မိတ်ဆက်လိုက်လေသည်။

"ကျွန်တော်ကသုသေသန ပညာရှင် Irisပါ"

"အော် ခင်ဗျား အကြောင်းကြားဖူးထားပါတယ်"

''ဒါဆိုကျွန်တော်ကဒီကိစ္စတွေဖြစ်လာအောင်လုပ်တဲ့သူဆိုတာကိုလည်းကြားဖူးမှာပေါ့''

''အင်း အဲ့လိုလည်းပြောလို့ရပါတယ် ဒါပေမယ့်ခင်ဗျားကိုသေသွားပြီလို့ထင်နေတာ''

''ထင်နိုင်လောက်ပါတယ်လေ တစ်ချို့လူတွေရဲ့သွေးထိုး စကားတွေ ကြောင့်ပေါ့''

ဒီစကားကို Iris က Vixen ကိုကြည့်ပြီးတစ်လုံးချင်းစီပြောလိုက်တာမို့ Vixen ကမကျေနပ်စွာနဲ့တစ်ဖက်သို့မျက်နှာလွှဲသွားသည်။

''ခင်ဗျားရော ကျွန်တော်ကအဲ့လိုဖြစ်အောင်လုပ်ခဲ့တဲ့သူဆိုတာယုံလား..''

''ဒါကအတိအကျတော့ပြောလို့မရနိုင်ဘူးဗျ အခုချိန်မှာအကုန်လုံးကအဲ့လိုပဲသိထားကြတာဖြစ်ပြီး ဒါတွေအားလုံးကလည်းခင်ဗျားရဲ့ဓာတ်ခွဲခန်းကပဲ စတင်ခဲ့တာဆိုတော့ ကျွန်တော်မယုံချင်ရင်တောင် အ​​ခြေအနေအရတော့လက်ခံလိုက်ရမှာပဲ...''

''ဒါပေမယ့် ခင်ဗျားမပူပါနဲ့ ကျွန်တော်ကအဲ့လောက်လေးနဲ့တော့ လူတစ်ယောက်ကိုမစွပ်စွဲတတ်ပါဘူး....
ဒါနဲ့...အကြာကြီးဇာတ်မြုတ်နေခဲဲ့ပြီး အခုမှပေါ်လာရတဲ့အကြောင်းအရင်းကဘာများပါလဲ''

''ကျွန်တော့်ကိုလက်ခံနိုင်တဲ့သူရှိနေသေးလို့ဝမ်းသာပါတယ်ဗျာ ဘာလို့လာရလဲဆိုတာကတော့ကျွန်တော်မလုပ်ခဲ့တဲ့ကိစ္စတစ်ခုအတွက် တာဝန်ယူပြီးဖြေဆေးဖော်ပေးချင်လို့ပါ ဒီကဗိုလ်ကြီးတို့လက်ခံနိုင််မယ်လို့မျှော်လင့်ပါတယ်''

ကြင်ယာတော် အဆိုးလေး(System)Where stories live. Discover now