Arc-7.1

3.3K 274 45
                                    

Unicode

ဒီကမ္ဘာမှာနေရတာရှောင်းကျန့်အတွက် သိပ်ကိုမလွတ်လပ်ဘူး။နာမည်ကြီးမင်းသားတစ်ယောက်ဖြစ်နေတော့ ဘယ်မှလည်းမသွားရသလိုလူကြားထဲတောင်ထွက်လို့မရတော့ သူ့ရဲ့အရင်တုန်းကလွတ်လပ်မှုတွေတောင်ပျောက်ဆုံးနေသလိုခံစားနေရတာ။ရိုက်ကူးရေးကပြန်ရင်တောင်ဘေးနားမှာ လူပေါင်းသောင်းခြောက်ထောင်နဲ့စိတ်ရှုပ်ဖို့ကောင်းချက်။ဒါပေမယ့်လည်း ကိုယ့်ကိုလူအများကြီးဝိုင်းကြိုက်တာခံရတဲ့ဖီလင်ကတော့မဆိုးဘူး။

''အိုက်ယား ရှောင်အာရာ ငါပျင်းလို့သေတော့မယ်လို့''

''ကနေလေ''

''မင်း ငါ့managerလုပ်နေပြီးတော့ အဲ့လိုပဲပြန်ပြောရလားကွ''

''မဟုတ်တော့တခြားဘာလုပ်လို့ရလို့လဲ ပြီးတော့ဒီနေ့ကအလုပ်တွေလည်းမရှိတာ အိမ်မှာပဲအေးအေးဆေးဆေးနားပါလား''

''အေး မင်းကတော့ပြောနိုင်တာပေါ့ မင်းကအပြင်ထွက်လည်းအဆင်ပြေတယ်လေ ငါ့မှာတော့ဘယ်သွားသွားမလွတ်မလပ်နဲ့ ဘယ်မှာလဲ ငါ့အတွက်တရားမျှတမှု''

ရှောင်အာကတော့အပိုတွေလုပ်နေတယ်ဆိုတဲ့ပုံစံနဲ့ မျက်စောင်းထိုးပြလေတယ်။

''အဲ့တော့ကျွန်တော်ကဘယ်လိုလုပ်ပေးရမှာလဲ''

''ငါအိမ်မှာပစ္စည်းတစ်ချို့ကုန်နေပြီ အဲ့ဒါmallသွားပြီးဝယ်ချင်တယ်''

''Host! လာနောက်နေတာလား အခုHostက နာမည်ကြီးတစ်ယောက်လေ mallကဘယ်လောက်တောင်အန္တရာယ်များတဲ့နေရာလဲသိရဲ့လား''

''အေး အဲ့ဒါကြောင့်မင်းလိုက်ပြီးစောင့်ရှောက်ပေးလေ''

''ဘာ. . .မရဘူးနော် ကျွန်တော်လုံးဝမလုပ်ပေးနိုင်ဘူး''

-----------------

''Host maskသေချာတပ်လေဗျ ဦးထုပ်လည်းလုံအောင်ဆောင်းဦး ရော့ နေကာမျက်မှန်ပါတပ်''

နောက်ဆုံးတော့လည်းသူ့hostကိုမနိုင်ရှာတဲ့ systemလေးခမျာ hostသဘောအတိုင်းပဲလိုက်ပေးလိုက်ရပါတော့တယ်။

''နေပါဦးဟ မင်းလုပ်တာမသိရင်ငါ့ပုံစံကပျားဖမ်းဖို့သွားမှာကျနေတာပဲ ပိုကိုပိုတယ် သွားမယ်''

ကြင်ယာတော် အဆိုးလေး(System)Where stories live. Discover now