Part 26-ကမ္ဘာကြီးကရက်စက်ကြမ်းကြုတ်တဲ့နေရာတစ်ခုပဲ။

4.7K 691 6
                                    

Unicode

"ဟန်လုမှာ အခုရွေးချယ်စရာမရှိတော့ဘူး။လော်ရာမိုက သူ့ကို ကျွန်မနဲ့လက်ထပ်စေချင်ကြောင်း အတိအလင်းပြောဆိုပြီးပြီ။" အမျိုးသမီးရဲ့အသံက ကြွားဝါးနေဟန်..သူမရဲ့ဘယ်ဘက်မျက်ခုံးကမြင့်တက်နေပြီး ချိုခါးခါးအရည်ကိုသောက်သုံးနေရင်း သူမရဲ့နှုတ်ခမ်းပေါ်မှာ ကောက်ကျစ်တဲ့ အပြုံးတစ်ခုက ပေါ်လာတယ်။

"အချိန်ကျတော့မယ်..အစီအစဉ်အတိုင်းအကုန်အဆုံးသတ်သွားတဲ့အခါ ကျွန်မတို့ကြားမှာရှိတဲ့ ကတိကို မမေ့ပါနဲ့။" နောက်ထပ်အမျိုးသမီးတစ်ယောက်က တူညီတဲ့အပြုံးတစ်ခုနဲ့ပြန်ပြောတယ်။ဘာလို့ အဲ့ဒီ့အမျိုးသမီးက မင်းသမီးကိုစတင်ချဉ်းကပ်ခဲ့လဲဆိုတာ နားလည်ဖို့ခက်ခဲတယ်။သူမရဲ့ရည်ရွက်ချက် ဦးတည်ချက်အားလုံးကဘာလဲ?။ဒါပေမဲ့ ဗရော်နီကာတစ်ယောက် သေချာသိတာဆိုလို့ ဒီကိစ္စအားလုံးရဲ့နောက်ကွယ်ကလူက မိုအင်ပါယာကိုရယူဖို့ အစီအစဉ်ရှိနေတယ်ဆိုတာပဲ။

သူမက အစီအစဉ်ရဲ့အစိတ်အပိုင်းတစ်ခုပဲဆိုတာ ဗရော်နီကာက ကောင်းကောင်းသိပါတယ်။အလုပ်မဖြစ်ခဲ့ရင် ရှင်းထုတ်ပစ်ဖို့လွယ်တဲ့ လက်ခံတုတ်သာသာပဲ ရှိတာ။ဒါပေမဲ့ နှစ်မြှုပ်နေတဲ့လှေတစ်ခုအနေနဲ့ တောက်ပနေခဲ့တဲ့ကြယ်က အလင်းရောင်မှိန်လာပြီ။ဗရော်နီကာက တစ်ခုခုလုပ်ဖို့လိုအပ်တယ်။သူမရဲ့ ဂုဏ်သိက္ခာ၊အသက်မွေးဝမ်းကြောင်းကို ကယ်တင်ဖို့လိုအပ်တယ်။

မိုဟန်လုက သူမနဲ့စစလမ်းခွဲတုန်းက ဗရော်နီကာက ဘာမှသိပ်ဂရုမစိုက်ခဲ့ဘူး။သူမခြေထောက်ပေါ် ကိုယ်တိုက်ရပ်တည်နိုင်လောက်အောင် အောင်မြင်ကျော်ကြားနေပြီလို့ ထင်ခဲ့တာ။မိုဟန်လုကို ထပ်မလိုအပ်တော့ဘူးပေါ့။ထိပ်ဆုံးမှာရပ်တည်ဖို့ မိုဟန်လုရဲ့လွှမ်းမိုးမှုကို မလိုအပ်တော့ဘဲ ဆက်လက်အောင်မြင်လင်းလက်တဲ့ ကြယ်ပွင့်ကလေးဆက်ဖြစ်လိမ့်မယ်လို့ ထင်ခဲ့တယ်။

ဒါပေမဲ့ သူမ မှားသွားတယ်။၁လကြာပြီးနောက် သူမတို့လမ်းခွဲတာကို လူသိရှင်ကြားမထုတ်ပြရသေးခင်မှာပဲ သူမရရှိတဲ့ ကမ်းလှမ်းမှုတွေက နည်းသထက်နည်းလာခဲ့တယ်။တစ်ချို့ဆို ကမ်းလှမ်းထားတာတွေကိုတောင် ပြန်ရုတ်သိမ်းသွားကြတယ်။အဲ့ဒါက ချက်ချင်း သူမက မိုဟန်လုရဲ့ကျောထောက်နောက်ခံမပါရင် အရံဇာတ်ကောင်တွေပဲရမဲ့ ဒိတ်အောက်နေတဲ့အနုပညာရှင်ပဲဖြစ်မှာလို့ သတိရစေလိုက်တယ်။

ငါ့ယောကျာ်းကမာဖီးယားဘော့စ်[Myanmar Translation-Book 2]Where stories live. Discover now