Part 25-အကိုလတ်ရဲ့အိုမီဂါကိုသွားရှာတော့!။

Start from the beginning
                                    

"လွှတ်..ငါ့ကိုတစ်ယောက်တည်းပေးနေစမ်းပါ..ငါ အရက်သောက်မှရမယ်!။" ဟန်လုက အော်ပြီး ထရန်းဇီကိုတွန်းထုတ်လိုက်တယ်။အယ်လ်ဖာငယ်လေးကို စိတ်တိုတိုနဲ့စိုက်ကြည့်လိုက်ပြီးမှ နောက်အရက်ပုလင်းကိုယူကာ ဆွဲဖွင့်ဖို့လုပ်တယ်။ထရန်းဇီက သူ့အကိုကိုလွှတ်ပေးလိုက်ပြီး ဟန်လုရဲ့သနားစရာကောင်းတဲ့အခြေအနေကို ဆက်လက်အကဲခတ်နေတယ်။

ဒါပေမဲ့လည်း သူ့ရဲ့စိတ်မရှည်တတ်တဲ့သဘာဝကြောင့် သက်ပြင်းချကာ အိတ်ကပ်ထဲက ဖုန်းကိုထုတ်လိုက်တယ်။ဖုန်းမျက်နှာပြင်ပေါ်က သင်္ကေတတစ်ခုကိုနှိပ်လိုက်ပြီးတာနဲ့ အသံသွင်းထားတဲ့ဖိုင်က စတင်ထွက်ပေါ်လာတယ်။ဟန်လုက ပထမတော့လျစ်လျူရှုထားပေမဲ့ အသံဖိုင်ထဲကလူရဲ့အသံကိုကြားလိုက်တာနဲ့ သူက ကတိုက်ကရိုက် သက်ဝင်လှုပ်ရှားလာတော့တယ်။

ဖိုင်ထဲကအသံပိုင်ရှင်က အီရန်ပဲ..ရုတ်တရပ် ဟန်လုရဲ့မျက်လုံးတွေထဲမှာ အလင်းကြောင်းတစ်ခုဖြတ်ပြေးသွားပြီး ထရန်းဇီဘက်ကိုလှည့်ကာ ဖုန်းကိုစိုက်ကြည့်လိုက်တယ်။

"ဒါက မနေ့တုန်းကဖြစ်ခဲ့တာ..အကိုလတ်ကြားချင်မယ်ထင်လို့ ကျွန်တော်အသံအသွင်းပေးထားခဲ့တယ်။" ထရန်းဇီက ဖုန်းကို သူ့အစ်ကိုလက်ထဲထည့်ပေးလိုက်ပြီး အနီးဆုံးခုံတစ်ခုမှာ ဝင်ထိုင်တယ်။

"အကိုလတ်ကိုကြည့်ရတာသနားစရာကောင်းလွန်းလို့ စနောက်ချင်ပေမဲ့ ကျွန်တော့်ရဲ့ဖျော်ဖြေရေးကို လက်လွတ်ခံပြီး ဒါကို အလကား ပေးနားထောင်လိုက်မယ်။အမှန်အတိုင်းပြောရရင် အကုန်လုံးကိုသိနေတဲ့သူဖြစ်ရတာ နာကျင်တယ်။နှစ်ယောက်လုံးကို ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်တော်စောင့်ကြည့်နေခဲ့ပြီး ပြောရမယ်ဆိုရင် နှစ်ယောက်လုံးကပိန်းလွန်းတယ်။ဦးခေါင်းခွံကထူလွန်းလို့ တစ်ယောက်ယောက်ကမပြောပြရင် ဘာအလုပ်မှ ဖြစ်တော့မှာမဟုတ်ဘူး!။"
ထရန်းဇီကပြောတယ်။

နှစ်ယောက်လုံးကို ၂နှစ်ကျော်ကြာအောင် စောင့်ကြည့်ပြီးနောက် ထရန်းဇီကသည်းမခံနိုင်တော့ဘူး။သူ့အကိုလတ်က အီရန်အန်ဒရူးကိုချစ်နေတာ ဒီလောက်သိသာနေတာကို။တကယ်တမ်းပြောရမယ်ဆို နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက်ကိုချစ်ကြလွန်းလို့ ကာယကံရှင်တွေကိုယ်တိုင်တောင်မသိဘဲ ကြားမှာအနှောင်အဖွဲ့တောင်ဖြစ်နေပြီလေ။

ငါ့ယောကျာ်းကမာဖီးယားဘော့စ်[Myanmar Translation-Book 2]Where stories live. Discover now