ကျောင်းပိတ်ရက်လေးတစ်ခုတွင်ဖြစ်သည်။
အမြဲနေမြင့်မှအိပ်ယာထတတ်သောဂျောင်ကုသည် ယနေ့လည်းထုံးစံမပြတ်ပင်။ အိပ်မှုန်စုံဖွားဖြင့် အိမ်ပေါ်ပြတင်းပေါက်တံခါးမှခေါင်းထွက်ကာ ခြံဝန်းထဲသို့ လှမ်းကြည့်လိုက်သည့်ဂျောင်ကုတစ်ယောက် စိတ်ဝင်စားစရာမြင်ကွင်းတစ်ခုကို မြင်သွားလေသည်။
အဲ့ဒီ့နောက် ချက်ချင်းပင် အိမ်အပေါ်ထပ်မှပြေးဆင်းကာ ခြံဝန်းထောင့်တွင် သူကိုယ်တိုင်စင်ထားသည့် အဝတ်လှန်းသည့်ဝါးတန်းလေးပေါ်တွင် ကျောင်းစိမ်းတွေထုတ်လှန်းနေသည့်ဟိုဆော့နားသို့ လေထက်မြန်တဲ့အလျင်ဖြင့် ရောက်လို့သွားသည်။
ကျောင်းဖွင့်ရက်ဆို သူက ဆရာလေးရဲ့အဝတ်အစားတွေကို လျှော်ဖွပ်မီးပူတိုက်ပေးနေကျဖြစ်သည်။ ကျောင်းကပြန်လာတဲ့ဆရာလေးအေးအေးဆေးဆေးအနားယူရအောင်ရယ်၊ နောက်ပြီး သူရဲ့စေတနာကတော့ အတန်ငယ်ပိုလို့ပေါ့။
“ကျုပ်လည်းကူပေးမယ် ဆရာလေး”
အနောက်မှရောက်လာတဲ့အသံနှင့်အတူ ရေပုံးထဲမှ အင်္ကျီတစ်ထည်ကိုယူပြီး ရေညစ်နေသည့်ဂျောင်ကုကို ဟိုဆော့ လှည့်ကြည့်မိသည်။ အခုမှအိပ်ယာထလာပြီးပွယောင်းယောင်းဆံပင်တွေနဲ့ သူ့စိတ်ကြိုက်လုပ်ချင်တိုင်းလုပ်နေတဲ့သူက မူအတိုင်း ပြုံးဖြီးဖြီးဖြင့်သာ။
ကျောင်းဖွင့်ရက်တွေတိုင်း သူ့ခုတင်ပေါ်အဆင်သင့်ရောက်နေတဲ့ မီးပူတိုက်ပြီးသားအဝတ်တွေကိုမြင်တော့ ဆာမိကလုပ်ပေးထားသည်ဟုသာ သူထင်ခဲ့သည်။ သိုပေမယ့် မနေ့ညက အဝတ်လာပေးတဲ့ဆာမိနဲ့ဆုံပြီး ဟိုဆော့ အကြောင်းစုံကို သိရခြင်းဖြစ်သည်။
ရက်သတ္တပတ်လုံး အကြို့အပို့နှင့်နေ့လည်စာထမင်းချိုင့်အပြင် သူ့ဝေယာဝစ္စတွေပါအထိ လုပ်ပေးနေသူကို ဟိုဆော့ အားနာလာရသည်။ တခါတလေ စကားတတ်လွန်းတဲ့သူဌေးမင်းကို အမြင်ကတ်မိတာက တစ်ကဏ္ဍသက်သက်၊ သူ့အိမ်ပေါ်လည်းတက်နေသေးတယ် အိမ်ရှင်ကိုလည်းခိုင်းစားနေတဲ့အဖြစ်ကတော့ ဟိုဆော့ကိုယ်တိုင်လည်းလက်မခံချင်။
စောစောစီးစီးအိပ်ယာထပြီး အဝတ်လျှော်လိုက်တာတောင် သူဌေးမင်းနိုးတဲ့အချိန်နဲ့များ တိုက်တိုက်ဆိုင်ဆိုင် ကြုံဖြစ်အောင်ကြုံသွားသေးသည်။
YOU ARE READING
❛❛ချစ်သဝဏ်လွှာ❜❜ (REST)
Romanceကျုပ်က လူရိုးဗျ။ ခင်များနဲ့တွေ့မှ အဆန်းတကြယ်တွေဖြစ်ကုန်တော့တာပဲ...