🧐

1K 45 0
                                    

🏠🚗
ကလေး
မ အိမ်ထဲလိုက်၀င်လေ

ရပါတယ် မ
ထက် ကားပေါ်ကပဲ စောင့်နေလိုက်မယ်

မရဘူးကွာ လိုက်ဆိုလိုက်ပဲ

မ သဘောကျပါ နော်

ကားစက်သပ်လိုက်အုံးမယ် မ

အင်း'

မပု ကို ထက်တွေ့တော့

မပု နေကောင်းလား '

မပုက သူ့နာမည်သိနေတဲ့ ဧည့်သည်သေးသေးလေးကို အံ့ဩတဲ့ မျက်လုံးနဲ့ အကြောင်လိုက် ကြည့်နေလိုက်ပါတယ်။

သိမ်မွေ့က
မပု သိမ်မွေ့တို့နှစ်ယောက်အတွက် မနက်စာလေးပြင်ပေးပါနော်'

အေး အေး သိမ်မွေ့'

လာ ကလေး မနဲ့ လိုက်ခဲ့'

ဂျိမ်း
တံခါးပိတ်လိုက်တော့

ထက် က သိမ်မွေ့ကို ပုခုံးလေးကိုင်ပြီး သူ့ဘက်လှည့်လိုက်ပြီး

မ ထက် ကို ချစ်လား

မေး ဖို့ လိုသေးလို့လား

ထက်ကတော့ မိုးသောက် ထက်မလျော့တဲ့အချစ်နဲ့ မ အပေါ် ချစ်နိုင်လိမ့်မယ်လို့ယုံတယ်။

ထက် မ ကို မိုးသောက်လို ခွဲမသွားနဲ့နော် ဒီတစ်ခါဆို မ ရင်ကွဲပြီးရူးရလိမ့်မယ်။

သိမ်မွေ့ရဲ့နှုတ်ခမ်းလေးပေါ် မပြောနဲ့ဆိုပြီး
လက်ချောင်းလေးနဲ့ ထက် ဖိကပ်လိုက်တယ်။

မ ထက်ကခု မ နားမှာ လေ
စိတ်မကောင်းစရာတွေမတွေးပါနဲ့။

ခု ၀တ်စားလဲ ။

ထက် ယူပေးတာလေး၀တ်နော်
ဒီနေ့က ဗုဒ္ဓဟူးနေ့ ဆိုတော့ အဝါလေး၀တ်ရင် လိုက်မယ်
မ ခဏနော် ထက် ရှာလိုက်အုံးမယ်။

သိမ်မွေ့ပြုံးပြုံးလေးသာ၊

မ ရပြီ ဒီမှာ'

ထက် လဲပေးမယ်'

မ ဘာသာ လဲမယ်'

No

မ က လည်း မလုပ်ပေးရရင် ထက် က စိတ်ဆိုးမှာနော်

စိတ်တော့မဆိုးလိုက်ပါနဲ့ ကလေးရယ်။

လဲပေး ဟုတ်ပြီးလား။

ဟီး ဒါမှ ထက် မမ။

နှာဘူးလေး

ဟုတ်ပါဘူး ချစ်လို့ပါ။

ခစ်ခစ်'

ကဲအောက်မှာ မပု မနက်စာ စီစဉ်ထားတယ်
သွားစားပြီးရင် ရုံးသွားကြစို့။

Yess boss!
(ချစ်လိုက်တာ ကလေးရယ်)

ရုံးအရောက်
သိမ်မွေ့ကို ရုံးသားတွေအားလုံးထပြီးနှုတ်ဆက်ကြတယ်။

သိမ်မွေ့ရုံးခန်းထဲ၀င်တော့ သိမ်မွေ့ရုံးစားပွဲကို အန်ဆွဲတွေဖွင့်ပြီး
အမြန်ပြန်ပိတ်နေတဲ့မယ်ခကို

မယ်ခ ဘာတွေ လုပ်နေတာလဲ။

ဟို မမ လေး

အော် --- အာ

စာရွက်စာတမ်းတွေရှုပ် နေမှာ စိုးလို့ရှင်းနေတာပါ မမ

အခု အမ ရောက်ပြီ မယ်ခ လုပ်စရာရှိတာ သွားလုပ်တော့

ထက် က မ' မယ်ခက တစ်ခုခုတော့တစ်ခုခုနော် ထက် မသင်္ကာဘူး။

မ လည်း အဲ့တာစဉ်းစားနေတာ

စောင့်ကြည့်ကြတာပေါ့ ။

ဘ၀အဆက်ဆက်Where stories live. Discover now