😰😢

1.3K 54 0
                                    

သူငယ်ချင်းမို‌ေးသာက်မရှိတဲ့နောက် ဝေလွင်က မိုးသောက်မိခင်ကို ပိုမိုစောင့်ရှောက်ခဲ့ပါတယ်

ဝေလွင်လည်း သူ့ထက် ၃ နှစ်လောက်ကြီးတဲ့ ကိုမင်းမာန်နဲ့ ‌မေတ္တာမျှနေကြတာကြာပြီမို့ လက်ထက်ဖို့စီစဉ်ကြပါပြီ။

ကိုမင်းမာန်က trading companyတစ်ခုကို ဦးစီးဦးဆောင်လုပ်နေတဲ့ သူတစ်ယောက် အဘက်ဘက်က ပြည့်စုံသူမို့ ဝေလွင့်အတွက်အိမ်ထောင်ဘက်ကောင်းတစ်ယောက်ပါပဲ။

တစ်ဖက်မှာတော့ မိုးသောက်နဲ့သိမ်မွေ့တို့နှစ်‌ယောက် မြို့ပေါ်တက်ပြီးအမိုးတို့လိုအပ်နေတဲ့ မြေဩဇာနဲ့ ပစ္စည်းပစ္စယတွေ ၀ယ်ဖို့ အိမ်နဲ့ မားကို ဆက်သွယ်ဖို့ ရွာလေးကနေထွက်ခဲ့ကြပါတယ်။

တောင်ဆင်းတောင်တက်လမ်းတွေမို့ လမ်းသိပ်မကျယ်လှပါ
ထော်လာဂျီနဲ့ လာခဲ့တာကြောင့် သိမ်မွေ့မအီမသာဖြစ်နေတာအမှန်ပဲ ။

ကံတရားက မိုးသောက်အတွက် မကောင်းခဲ့ဘူး

တောင်ချိုးအကွေ့ မျက်ကွယ်ကနေတက်လာတဲ့ ကားကြီးရုတ်တရက်ပေါ်လာတာကြောင့် ထော်လာဂျီက တောင်ကမ်းပါးဘက်တိမ်းသွားခဲ့တယ် ။

အား

သည်း '

သိမ်မွေ့ကိုယ်လေးကို အမိအရဖက်ထားရင်း ပြုတ်ကျသွားတာပဲ သိလိုက်တယ်။

အား ကျွတ်ကျွတ်'
သမီးလေးသတိရလာပြီလား
မေမေ ဖေဖေ

သမီးရယ်
မေမေဆီက နွေးထွေးတဲ့ ရင်ခွင်လေးတစ်စုံကို ပြန်ရလိုက်ပါတယ်။

မေမေတို့က ဘယ်လိုဖြစ်လို့'
ပြီးတော့ ချစ် ကော မေမေ
မိုးသောက်လေ

သမီးစိတ်အေးအေးထားနော်
သမီးကို ကယ်ရင်းနဲ့ သူဒီ‌ လောကကြီးမှာ မရှိတော့ဘူး
သူနဲ့ထော်လာဂျီယာဉ်မောင်းက အဲ့နေရာမှာတင် ဆုံးသွားရှာတယ်

မေမေ မနောက်ပါနဲ့
ချစ်က သမီးကို ခွဲသွားမှာမဟုတ်ဘူး

သူသမီးကိုအရမ်းချစ်တာလေ'

သမီးစိတ်ထိန်းပါ သမီးရယ်' ။

ချစ် မထားခဲ့ပါနဲ့

ဖေဖေ မိုးသောက်ကို ပြန်ခေါ်ပေးမယ်မလားဟင်
သူမရှိရင် သမီးမနေတတ်ဘူး

သမီးစိတ်ထိန်းစမ်း မိုးသောက်ကို လွတ်လပ်ခွင့်ပေးလိုက်ပါသမီးရယ် ဒါမှ သူကောင်းရာရောက်မှာပေါ့။

ဒါဆို သမီးက သူမရှိတော့ဘူးဆိုတာ လက်ခံရမှာလား

အားးး --------😭😭

ဒေါ်ခင်မမ(မိုးသောက်မိခင်)မိုးသောက်ရဲ့ဓာတ်ပုံလေးကိုကြည့်ရင်း

' မီးငယ် ကောင်းရာအရပ်မှာ စိတ်ချမ်းသာနေနိုင်ပါစေကွယ်။

မားတော့ ဖြစ်ပျက်သွားတဲ့လောကကြီးကိုပဲတရားကျမိပါတယ်
ကိုယ်ပိုင်ဆိုင်မယ်ထင်ခဲ့ပေမယ့် တကယ်တော့ ဘယ်အရာကိုမှ
အဆုံးတိုင်ပိုင်ဆိုင်ခွင့်မရှိဘူးဆိုတာကို မားသိလာတယ်။

အရာရာက မမြဲဘူး မီးငယ်

သံသရာတစ်ကွေ့ကွေ့မှာ မားဆီ ပြန်လာနိုင်မယ်ဆိုရင် ခဏတာတော့ မားတို့ ပြန်ဆုံချင်ပါသေးတယ် သမီးရယ်။
အမေ့သမီးလေး စိတ်ချမ်းမြေ့ပါစေ'

ဒေါ်ခင်မမလည်း သာသနာ့ဘောင်ကို အပြီး၀င်ပြီး ပိုင်ဆိုင်မှုတွေကို ရောင်းချပြီး မိုးသောက်နာမည်နဲ့ သိမ်ဆောက်ပြီးလှူခဲ့ပါတယ်။ သမီးလေးနောင်ဘ၀ဒီလိုအဖြစ်ဆိုးနဲ့ဝေးပါစေကွယ်။

ဘ၀အဆက်ဆက်Where stories live. Discover now