🙄

1K 51 0
                                    

ထက် ကမနက်တိုင်း ရုံးကို သူ့ကိုယ်ပိုင်ကားလေးနဲ့လာတာပါ ဒါကအစသိမ်မွေ့သိတယ်
သိမ်မွေ့ က ထက် ပြန်တာနဲ့ နောက်က လိုက်စုံစမ်းခိုင်းထားခဲ့တာကိုး

ဒီနေ့တော့ လက်ထဲက အအေး ဘူးလေး၂ ဘူးဆွဲ ပြီး သိမ်မွေ့ရုံးခန်းထဲ၀င်လာလိုက်တယ်။

တစ်ဘူးကို ယူပြီး
မ ဒီမှာ မ' ကြိုက်တဲ့  Sunkist ဖျော်ရည် '

ဟင် တို့ကြိုက်တယ် ဘယ်တုန်းက ပြောလိုက်လို့လဲ
တစ်ခါမှ မပြောဖူးဘူးထင်တယ်'

ထက်က အေးအေးဆေးဆေးပဲ သိမ်မွေ့အလုပ်စားပွဲပေါ်လက်ထောက်ပြီး မျက်နှာချင်းနှစ်ခု သိပ်မကွာတဲ့အနေထားထိ
တိုးကပ်လိုက်တယ်။

'ထက် အိမ်မက်ထဲမှာတော့ မ အမြဲသောက်တတ်လို့လေ'

အိမ်မက် ဟုတ်လား
ဘာတွေမက်တာလဲ တို့အကြောင်းလား'

ဟုတ်တယ် ထက်ငယ်ငယ်ထဲက မကို အိမ်မက်ထဲမှာ မြင်ဖူးနေတာ'

ထက် ပြောပြရင် မ အံ့ဩသွားလောက်တယ် '

မ ဘာစားတယ် ဘာကြိုက်တယ် က အစ
ထက် အကုန်သိတယ်'

သိမ်မွေ့လည်း ချက်ချင်း shock ရသလိုဖြစ်ပြီး
'မင်း မင်း

ချစ်လား'

ပြောပြဖို့စောပါသေးတယ် မ

နောက်တော့ ထက် အလုံးစုံ မ ကို‌ပေးသိမှာပါ။

အခုတော့ မ နားလိုက်အုံးနော်

ထက် ကြောင့်အနှောင့်ယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်'

သိမ်မွေ့လည်းဇောချွေးတွေပြန်လာပြီ။
ဆောက်တည်ရာလည်းမရတဲ့အချိန်မို့။

'မင်းကျေးဇူးပြုပြီး ထွက်သွားပေးပါ

ငါတစ်ယောက်တည်း ခဏနေချင်လို့ပါ။

သည်း နေချင်ရင် မနှင်ပဲ ထွက်သွားမှာပါ'

ထက် တို့ကို ဘယ်လိုခေါ်လိုက်တယ်?

ထက် လွှတ်ခနဲထွက်သွားမိတာ ပါ တောင်းပန်ပါတယ် မ'

ဒီနေ့ သိမ်မွေ့အိမ်ကိုအတွေးပေါင်းများစွာနဲ့ ပြန်လာခဲ့ပါတယ်

ဘ၀အဆက်ဆက်Where stories live. Discover now