😊

1K 50 0
                                    


မိုးသောက် တို့ နိုင်ငံပေါင်းစုံမှ ၁၅ ယောက် လည်း စုံကြပြီ။
ဗင်နီဇွဲလား၊ပီရူး၊မက်ဆီကို၊နီကာရာဂွာ၊ပနားမား၊ကိုလန်ဘီယာ စတဲ့ တောင်အမေရိကနိုင်ငံတွေ
အီသီယိုးပီးယား၊ဇွန်ဘာဘွေ၊ဘေ့ာစ်ဝါးနာ၊ဂျမေကာ အစရှိတဲ့ အာဖရိကနိုင်ငံတွေနဲ့
အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့
ဗီယက်နာမ်၊လာအို၊မြန်မာ၊ကမ်ဘောဒီးယား နဲ့ အင်ဒိုနီးရှားနိုင်ငံတွေပါ၀င်ကြတယ်။
အားလုံးက တစ်နိုင်ငံတစ်ယောက်ကိုယ်စားပြုပြီးလာနေကြတာမို့ နိုင်ငံဂုဏ်သိက္ခာက မိမိပုခုံးပေါ်မှာဖြစ်ကြောင်းနဲ့ စည်းကမ်းလိုက်နာဖို့ မိမိကိုယ်ကိုယ်ထိန်းကျောင်းဖို့က အရမ်းအရေးကြီးပါကြောင်း မန်နေဂျာ ချိုလွန်က ပြောခဲ့တယ်။ခေါင်းဆောင်ကိုလည်း ဗင်နီဇွဲလားက အန်းဒရက်စ် (Andres )ဆိုသူကို ထားဖို့အားလုံးလက်ခံကြတယ်။မိန်းကလေးဆိုလို့ မိုးသောက်ရယ်
အီသီယိုးပီးယားနိုင်ငံက မာရ်ရှက် (marshet zweldu)၊
နီကာရာဂွာက ဂျက်နက်စကီ(jenetsky ) ၊ ဇွန်ဘာဘွေက နစ်ကီစုစုပေါင်း၄ ယောက်နဲ့ကျန်တာ အမျိုးသားတွေပဲဖြစ်ပါတယ်။အခုမှ စတင်မိတ်ဆက်ကြပေမယ့် ရင်းရင်းနှီးနှီးမောင်နှမသားချင်းကဲ့သို့ နေထိုင်ဖို့ ဖြစ်လာခဲ့ပါတယ်။

စစချင်းညတော့ အားလုံး စုပြီးအပြင်မှာပဲ ညစာ ထွက်စားလိုက်ကြတယ်။မိုးသောက်တို့အဆောင်က တောင်ကုန်းလေးပေါ်မှာမို့
စားပြီးသောက်ပြီး ပြန်လာရင် တော်တော်တက်ယူရတဲ့ထိ ပဲ။
အားလုံးလည်း ကို၇ီးယားအစားအစာ ခပ်စိမ်းစိမ်းပဲရှိသေးတာမို့
ကြက်ကြော်ဆိုင်ကိုပဲအားလုံးရွေးချယ်ကြတယ်။ဆိုင်နာမည်က
Mom's touch တစ်ကယ်ကိုကောင်းတဲ့ကြက်ကြော်ပါ KFC
Lotteriaတို့ထက် နူးညံ့တယ်လို့ မိုးသောက် အမှတ်ပေးမိတယ် ကိုရီးယားကြက်ကြော်ရဲ့စတိုင်အရ အပေါ်က ဆမ်းတဲ့ အနှစ်ကအသက်ပဲ။
ချိုချို စပ်စပ် အနှစ်လေးနဲ့ ကြက်ကြော်မွှေးမွှေးပူပူလေးရဲ့ အရသာက ဘယ်ပြောကောင်းလိမ့်မလဲ။မိုးသောက်တို့အဖွဲ့ စကားမေးတောင်မရဘူး တစ်ရောက်နဲ့တစ်ယောက် ။
အဲ စားပြီးလို့ နေသာထိုင်သာရှိကြတော့မှ တစ်ယောက်အကြောင်းတစ်ယောက် ပြောပြကြတာ။အဲ့နောက်တော့ အဆောင်ပြန်ခဲ့ကြတော့တာပေါ့။

ဘ၀အဆက်ဆက်Where stories live. Discover now