"အောင်...အောင်၊ မင်းတော့ကွာ...."
လူနာကုတင်ရဲ့ဘေးမှာ မချိတင်ကဲ ရေရွတ်နေတဲ့ ကိုကိုက သူ့ရဲ့ မိုက်ရူးရဲဆန်ဆန် လွမ်းတတ်မှုတွေမှာ ခံစားနေရရှာသည်။
"ကျွန်တော် ပင်ပန်းတယ် ကိုကို"
"ကျစ် !!!"
သူ့မျက်လုံးတွေကို ဖွင့်ဖို့ကြိုးစားလိုက်သော်လည်း အချည်းနှီးသာဖြစ်နေသည်မို့ ဆက်မကြိုးစားချင်တော့၊ သို့သော်လည်း မှိန်ပြပြ အလင်းတွေကြားမှာ ကိုကိုက သူ့အတွက်စိုးရိမ်နေသည်မို့ သူ အသက်ရှိနေကြောင်းကို အားယူကာ ပြောလိုက်သည်။
သို့သော်လည်း သူ့အသံဟာ ဖျော့တော့လွန်းသည်ကြောင့် ကိုကိုက သူ့ထံ ကိုင်းညွှတ်လာကာ ဂရုတစိုက်နဲ့နားထောင်ပေးပြီး စိတ်မကြည်တော့သလို ကျစ်စုတ်သပ်တော့၏။
ကိုကို တကယ်ပဲ သူ့အပေါ်မှာ စိတ်မရှည်တော့ပါ။
"မင်းအဲ့လို ရူးကြောင်ကြောင်တွေ တွေးပြီးနေမယ်ဆို မြန်မာပြည်ပြန်တော့ ဟေ့ကောင်။ သွား သွား၊ အလကားနေရင်း ငါ့ဆီကို စိတ်ပူစရာတွေ သယ်မလာစမ်းနဲ့၊ မင်းအကိုရှိတဲ့နေရာကို မြန်မြန်ပြန်လိုက်တော့...."
နလန်ထကာစ သူဟာ ကိုကိုရဲ့ ဒီစကားကြောင့် အကြီးအကျယ်ထိတ်လန့်သွားပြီး....
"အဲ့လိုမဟုတ်ပါဘူး ကိုကိုရာ။ ကျွန်တော် ကျွန်တော်တကယ်ပဲ အကို့ကိုစိတ်မဆင်းရဲစေချင်တာပါ.....""ဒါကို မင်းပဲ စိတ်ဆင်းရဲခံမယ်ပေါ့၊ စောက်ရူးကောင် မင်းရူးနေလား၊ ဟမ်။ မင်းရဲ့ အာရုံကြောတွေ ပျက်ဆီးသွားတဲ့အထိအောင် ရူးရသလား ဟေ့ကောင်။ မင်းတကယ်ပဲ ....တောက် !!!!"
ထိုနေ့က ကိုကို့ရဲ့ပုံစံက တကယ်ပဲ စိတ်တိုနေခဲ့သည်ကြောင့် သူ့မှာ ကတိတွေအပုံလိုက်ပေးလိုက်ရတော့သည်။
နောက်ဆို ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ့မယ်လို့ အထပ်ထပ်အခါခါကျိန်တွယ်ပြောနေသည့်တိုင်....
"အချိန်ပြည့် လွမ်းနာကျနေတဲ့သူကို အလကားတင်မကျွေးထားနိုင်ဘူး" ဆိုပြီး ပြောသေးသည်ကြောင့် နောက်ပိုင်းမှာ သူဟာ ကိုကို့အမျိုးသားနဲ့ စီးပွားဖက်တွေဖြစ်ခဲ့ရသည်။
Restart to warm
Start from the beginning