"အရမ်းကြိုက်တယ်... သူကဘယ်သူလဲ"

ဒီချိန်မှာဘယ်သူကမှ အာဏာကိုမမှတ်မိဘူး သူက Mask အနက်တတ်ထားသည်။

Fred လက်ထဲကနေ ရောင်စဉ် ကိုဆွဲလုလိုက်သည်။

ရောင်စဉ် ကိုယ်တိုင်ပင်လန့်သွားသည်။

Fred က ဒေါသထွက်စွာ မေးလိုက်သည်။
"ခင်ဗျားဘယ်သူလဲ..."

အာဏာ က ရောင်စဉ် ကိုကြည့်လိုက်သည်။ရောင်စဉ်က အာဏာ မျက်လုံးကိုကြည့်လိုက်တာနဲ့ အာဏာမှန်းသိသည်။

"ကျွန်တော်မလိုက်ဘူး...ကျွန်တေိာ Fred နဲ့နေမှာ"

အာဏာကရောင်စဉ်ပြောတာကိုဂရုမစိုက်ဘဲသူ့ဆံနွယ်တွေကိုထိုးဖွလိုက်သည်။

ပြီးတော့ အာဏာ က Fred ကိုကြည့်ကာပြောသည်။
"ငါ့အပိုင်လေးကိုခေါ်သွားမယ်နော်"

ပြောကာ ရောင်စဉ် ကိုပုခုံးပေါ်တင်လိုက်သည်။

"အား....."

Fred က လှမ်းတားပေမယ့် အာဏာ ကိုယ်ရံတော်အဖွဲ့ကတားထားသည်။

ရောင်စဉ် က အာဏာပုခုံးပေါ်လုံးဝငြိမ်ငြိမ်မနေပါ...

James နဲ့ Naeun က ဝင်မဆွဲပါ သူတို့သိနေသည်။ဒါက အာဏာ ဆိုသည်ကို သိနေသည်။

"ဖယ်...လွှတ်...ကျွန်တော်မလိုက်ဘူး...."

ရောင်စဉ် ကိုကားထဲ ထည့်ကာ တင်းကျပ်စွာ ဖိနှိပ်သည်။ ပြီးတော့မေ့ဆေးပုဝါဖြင့်ရောင်စဉ်ကိုအုပ်လိုက်သည်နှင့်ရောင်စဉ်မေ့လဲသွားသည်။

အာဏာသိသည်။ သူနဲနဲမှ ငြိမ်နေမှာမဟုတ်မှန်း...သိသည်။

"ကိုကို...ကျွန်တော့်ကိုလွှတ်..."

အာဏာ က အရှိန်နဲ့ကားကိုမောင်းသွားခဲ့သည်။

❤~~~~~~~~~~~♥

🚨🚨🚨

အိမ်သို့ရောက်သောအခါ...

ရောင်စဉ် သတိပြန်လည်လာခဲ့သည်။

အာဏာ က ရောင်စဉ် ကို သူ့ကုတင်ပေါ်အသာချပေးသည်။

ရောင်စဉ် က ထလာကာ
"ကျွန်တော် ဒီမှာ မအိပ်ဘူး...ကျွန်တော့် ဘဝ ကို လာမရှုပ်နဲ့...."

အာဏာ က ရောင်စဉ် ပခုံးကိုတင်းကျပ်စွာကိုင်ကာ ကုတင်ပေါ်လဲချလိုက်သည်။

Sugar Daddy (or) Daddy ကကျွန်တော့်အပိုင်Where stories live. Discover now