သက်ပြင်းကိုချရင် ဘုန်းသက်တံ့ ပါးလေးကို နမ်းလိုက်သည်။ ဒါဟာ မောင့်ကို သူအရင်စပြီး နမ်းတာ ပထမဦးဆုံးပင်ဖြစ်သည်။

"ပြွတ်!"

"ဟင်!"

နမ်းတာ နှုတ်ခမ်းမဟုတ်ဘဲ ပါးဖြစ်လိုက်သည်မို့ သက်တံ့ နည်းနည်းတော့ ဝမ်းနည်းမိသာ။

"ဘာဖစ်လို့လဲ"

"နှုတ်ခမ်းကို နမ်းလေးကွာ"

"မင်းက လူမမာဆိုတော့ ငါနမ်းရင် အသက်ရူမဝမှာဆိုလို့ ငါက မနမ်းတာပါ"

"ရတယ် နှုတ်ခမ်းဘဲ နမ်း "

"ဘာလို့ အတင်းနမ်းခိုင်နေတာတုန်း မျက်စိမှိတ်"

"မှိတ်ပြီး "

ဘုန်း သက်တံ့ နှုတ်ခမ်းလေးကို နမ်းမယ်လုပ်တော့

"ချပ်!"

"ဟင်!"

"ဟယ်!"

"သား!"

အခန်းထဲ ဝင်ဝင်ချင်မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ဦးမာနရော မြန်းရော ကေရီရောမှာ ပါးစပ်အဟောင်းသာဖြစ်မိသွားသည်။

"မမ ! ဦးဦး! ဒေါ်ဒေါ်!"

ဘုန်းမှာ အလန့်တကြား မမတို့ကို ကြည့်လိုက်ပြီး သက်တံ့နဲ့ ခပ်ကွာကွာ ပြန်နေလိုက်ပေမဲ့ ကုတင်ပေါ်က သက်တံ့စကားကြောင့် ကုတင်ပေါ်က လူကို ထခေါက်ချင်စိတ်က ပေါက်သွားရသည် ။

"ကျစ်! အချိန်ကောင်းမှ ဖေဖေရာ"

"မမတို့ ဝင်ခဲ့မယ်နော်"

"ဟုတ်မမ"

မမနားကို ဘုန်းသွားလိုက်သည်။

ဦးမာနကတော့ သားဖြစ်သူနားကို သွားပြီး။

"ခွေးကောင် လူကဖြင့် ကုတင်ပေါ်က မထနိုင်သေးဘူး နှာက ထနေပြီး"

"ကိုယ့်ယောကျာ်း ကိုယ်ထတာဘဲ "

"ကြည့်ထပေါ့ကွ ဒါဆေးရုံး မင်းအိမ်မဟုတ်ဘူး ခွေးသားရဲ့"

ဦးမာနမှာ တစ်ခွန်မကျန်ပြန်ပြောနေတဲ့ သားကို ကြည့်ပြီး စိတ်သက်သာရသွားသည်။

အဖေအရမ်းလွမ်းနေခဲ့တာ သားရယ် ။

"အကို သားကို ဘာတွေ ပြောနေတာလဲ နားပါစေအုံ သားလည်း"

ကုတင်ပေါ်က သားက မျက်နှာက သိပ့်မကောင်းတာမို့ မြန်းယောကျာ်းဖြစ်သူကို ပြောလိုက်ရသည်။

(A/N -သူများအချိန်ကောင်းလာခဲ့လို့  မျက်နှာမကောင်းတာပါ နေမကောင်းမဟုတ်ဘူး 🙂)

"အွန်းပါ မြန်းရယ်"

ဦးမာနလည်း သားဖြစ်သူနားက ထွက်လာပြီး ဆိုဖာပေါ်မှာ လာထိုင်၏။

"သား အိပ်ရင်အိပ်လေ မေမေနဲ့ သက်သာမှ စကားပြောကြတာပေါ့ "

"ခုအဆင်ပြေတယ် ပြောစရာရှိတာပြောပါ"

"ရတယ် သားအိပ်လိုက်ပါ သားနေကောင်းမှပြောကြတာပေါ့"

"ကောင်းပြီး"

သက်တံ့ မျက်လုံးတွေသာ မှိတ်ပြီး ကြိုးစားအိပ်လိုက်သည်။

"ဒီည ဒီမှာဘဲ အိပ်မှာလား မောင်လေး"

"ဟုတ်မမ"

"ကြည့်လည်း နေအုံ ဟိုကောင်က လူကသားလူနာ နှာကတော့ ကောင်းနေတုန်း သတိနဲ့နေသား"

"အကို!"

"အွန်းပါမြန်းရဲ့ "

မိန်းမဖြစ်သူကို ကြောက်နေတဲ့ ဦးမာနကိုကြည့်ပြီး ဘုန်းနဲ့ ကေရီ ခေါင်းသာ ယမ်းရင် ရယ်နေမိသည်။





You've reached the end of published parts.

⏰ Last updated: Mar 21, 2022 ⏰

Add this story to your Library to get notified about new parts!

 သကျတံ့🌈Where stories live. Discover now