Ep -34 Un

6.9K 257 7
                                    

   "ဟျောင့် ! သက်တံ့ ! မင်းပထွေး အိမ်မို့ ဒီလောက် ရှုပ်ပွအောင်လုပ်ထားတာလား ခွေးကောင်ရဲ့ !!"

အခန်းထဲ ဝင်ဝင်ချင်း ဘီယာဘူး တွေနဲ့ ဧည့်ခန်းတစ်ခန်းလို့ ရှုပ်ပွနေတာမို့ ရန်းကို ဆိုဖာပေါ်မှာ မှီအိပ်ပြီး ဆေးလိပ်သောက်နေတဲ့ သူတောင်စားကို လှမ်းဆဲလိုက်သည်။

"အေး ဟုတ်တယ် ငါ့ပထွေးအိမ်မို့ "

"လီကို ပထွေး ! ခုထိ အိမ်ပေါ်ပြန် မတက်သေးဘူးလား မင်းဆင်းလာတာ 11ရက်လောက်ရှိပြီး မင်းရုပ်လည်း မင်းပြန်ကြည့်အုံ သူခိုးဓားပြရုပ်နဲ့  "

ရန်ကိုးစကားကို ဂရုမစိုက်ဘဲ ဆေးလိပ်ကိုသာ အာရုံစိုက်ပြီးတော့သာ သောက်နေသည်။

ဘီယာဘူးတွေ လိုက်ကောက်ပြီး စုပုံးရင် သက်တံ့ဆိုတဲ့ ငနွားကို ပြောနေရသည်။ လွန်ခဲ့တဲ့ 11ရက်လောက်က ရန်ကိုး ကိုကိုနဲ့ ပဲခူးကို လိုက်သွားတုန်း သက်တံ့ဖုန်းလှမ်းဆက်သည်။ သူအိမ်ပေါ်က ဆင်းလာသည်ဆိုတဲ့ အကြောင်း မင်းအိမ်မှာဘဲ ငါနေမယ်ဆိုလို့ ပြောတာနဲ့ နေခိုင်လိုက်သည်။ အစက ထင်တာက နှစ်ရက်သုံးရက်ထင်နေတာ ငနွားက ဆယ့်တစ်ရက်လောက်ကြာသွားသည်လေ ဘာတွေ အကြီး အကျယ်ဖြစ်ခဲ့လဲဆိုတာ ခုမေးရမည်။

"ဟျောင့် မင်းဘာလို့ အိမ်ပေါ်က ဆင်းလာတာလဲ ပြောအုံ ဟိုတခါ Bar မှာ ဆုံတုန်းက အဆင်ပြေတယ်ဆိုပြီး ခုတော့ဘယ်လိုတွေ ဖြစ်တာလဲ ပြောပါအုံ "

" ကျစ်!  အေ အဲ့က ပြန်လာထဲက အဲ့လူစိတ်ဖောက်တာဘဲ အဲ့နေ့မနက် အဲ့လူ မျက်နှာမကောင်းလို့ဆိုပြီး ငါအနောက်ဖက် ပန်းခြံဖက်ကို ခေါ်လာလိုက်တယ်ကွာ ဟိုရောက်တော့အဲ့မှာ ငါ့ကို လီစကားစပြောတာဘဲ ကွာရှင်းမယ်တဲ့ ဘာလို့ ကွာရှင်းချင်တာလဲ ပြောတော့ မပြောဘူးလား အဲ့ကွာရှင်းချင်တာကြီးဘဲ ပြောနေတာ အဲ့ဒါနဲ့ ငါလည်း အဲ့ကွာရှင်းချင်တဲ့ အကြောင်းရင်းကို ရှာပြီး ပြန်လာခဲ့မယ်ပြောခဲ့တယ်ကွာ !"

"အေ ခုတွေ့ပြီးလား အဲ့ အကြောင်းပြချက်!"

"မတွေ့သေးဘူး "

လိပ်ထဲက ဆေးလိပ်ကို လက်ညိုးနဲ့ ပြာတစ်ချက်ခါးထုတ်ရင် ဆေးလိပ်တစ်ချက်သောက်ရင်ပြန်ပြောသည်။

 သက်တံ့🌈Where stories live. Discover now