Ep-33 Un

6.7K 249 6
                                    

A/N - ဒီအဗုဒ်လေးကို သေချာ ဖတ်စေချင်ပါတယ်  ဒါဒါတို့ အတွက် အသုံးဝင်မယ့်  နည်းလေးတစ်ခု ထည့်ပေးထားပါတယ်နော်.

"မမ ဘာလုပ်မို့လဲ "

ပစ်စည်း ‌တွေနဲ့ အိမ်ရှေ့ မျက်ခင်းပေါ်မှာ အလုပ်ချုပ်နေတဲ့ မမနားကို ဘုန်းသွားပြီး မေးနေသည်။

"‌ဒီမှာလေ ‌ပန်းကန်ဆေး ဆပ်ပြာလုပ်မို့ လိုအပ်တာတွေ ပြင်ဆင်နေတာ "

မမက ကော်ခွက် ကြီးကြီးတွေကို နေရာစီးရင်
ဘုန်းရဲ့ စကားကို ပြန်လိုက်သည်။

ဘုန်းလည်း မမနဲ့ ဒေါ်ကြီး လုပ်တာကို ဆက်ကြည့်နေ၏ နည်းလေးဘာလေး မှတ်ထားပြီး ကိုယ်လည်း လုပ်လို့ရတာပေါ့ ။

" မောင်လေး သင်မလား သင်မယ်ဆို မမလုပ်တာ လိုက်ကြည့် "

"ဟုတ်မမ "

ဘုန်း သွက်သွက် လက်လက်သာ ပြန်ဖြေလိုက်သည် ။

"ပထမဦးဆုံး ဆား (၉၀၀g)ကို (၁၆၀g) ချန်ထားမယ် ပြီးရင် (၇၄၀g)ကို ရေ(၇L)နဲ့ မွှေလိုက်မယ် "

ရေပုံးထဲက ဆားနဲ့ရေကို ယောက်မ အရှည်နဲ့ မွှေရင် ဘုန်းကို ပြောပြနေသည်။ဘုန်းလည်းဘဲ ဂရုတစိုက်  နားထောင်နေသည်။

"ဒေါ်ကြီးဆားလေး ပျော်တဲ့ ထိ မွှေးပေးပါအုံနော်"

‌ဆားဖျော်ပုံးကို ဒေါ်ကြီးကို လွဲပေးပြီး နောက်တစ်ပုံ ဆွဲယူပြီး နောက်တစ်ခု မွှေဖို့ ပြင်နေသည်။

"မောင်လေး ဒါက နည်းနည်း မွှန်ပြီး ပူတယ် နောက်နည်းနည်း ဆုတ်ပြီး ကြည့်"

"ဟုတ်မမ "

"ဆက်ပြောမယ်  ဒီမှာ ဂျီးချွတ်ဆေး (၄၈၀g)ကို ရေ (၇L)နဲ့ မွှေမယ် ပျော်သွားတဲ့ ထိမွှေရမယ် "

အချိန်အတော်ကြာပြီးနောက် နှစ်ခုလုံးအ‌ရည် ပျော်သွားသည်။

"နောက်တစ်ခုထပ်လုပ်ရဦးမယ် ဒီပုံးကကြတော့ SLES(ဆပ်ပြာအစပြုပစ်စည်း) အထုပ်ကို ကော်ဇလုံထဲ ဖောက်ထည့်ရမယ် ပြီးရင် ခုနက ချန်ထားတဲ့ ဆား(၁၆၀g)ကို ပါထည့်ပြီး နှစ်ခုကို ရောမွှေရမယ် "

"အခုဆို အဖြူရောင်ပြောင်းလာပြီး အဲ့ဒါကို ပထမ ဆားဖျော်ရည်ထဲ ဖြည်းဖြည်းချင်းထည့်ပြီး အဆက်မပျက်မွှေရမယ် မွှေရင်လေ ဘယ်ဆို ဘယ်ဘက်ကိုဘဲ အမြဲမွှေရမယ် ညာဆို ညာဖက်ကိုဘဲ အမြဲမွှေရမယ် "

 သက်တံ့🌈Where stories live. Discover now