Ep- 35 Un

10.4K 268 21
                                    

  ခွဲစိတ်ခန်းရှေ့မှာ အရုပ်ကြိုးပျက်သလိုဖြစ်နေတဲ့ ကိုယ်ဝန်သည်ကောင်လေးတစ်ယောက် နှုတ်ခမ်းကလည်း တစ်ခုခုကို တဖွဖွရေးရွတ်နေသည်။

"မောင် မထားခဲ့ပါနဲ့ ဟင့် မောင် မထားခဲ့ပါနဲ့"

"မောင်လေး စိတ်ကို ထိန်းပါကွာ ကလေးလေးနဲ့လေ စိတ်ကို လျော့ထားနော် "

ယောကျာ်းတစ်ယောက်လုံး အရေးပေါ်ခွဲစိတ်ခန်းထဲရောက်နေသည်ကို မည်သူက စိတ်မပူဘဲနေမလဲဆိုတာ မြန်းသိပါသည်။ဒါပေမဲ့ ကိုယ်ဝန်ကြီးနဲ့ မောင်ဖြစ်သူမှာ အသိစိတ်လွတ်ပြီး တစ်ခုခုဖြစ်သွားကိုတော့ မြန်းရော သူ့ရဲ့ ယောကျာ်းပါ လက်ခံမှာ မဟုတ်ပါ။

"မောင်ခုလိုဖြစ်တာ မောင်လေးကြောင့် အဟင့် "

ရှိုက်ကြီးတငင်ငိုနေတဲ့ သမက်ဖြစ်သူကို ကြည့်ပြီး ဦးမာနလည်း စိတ်မချမ်းသာ။

"သားအမှားမဟုတ်ပါဘူးကွာ ဖြစ်ချိန်တန်လို့ဖြစ်သွားတာပါ စိတ်ကိုလျော့ပါ သားရယ် "

"အဟင့် မောင်"

မြန်းရဲ့ ရင်ခွင်ထဲ ဝင်ခါ 'မောင်'လို့သာ ခေါ်ရင် ငိုနေတဲ့ မောင်ဖြစ်သူကို မြန်းကြည့်ပြီး ရင်ထဲမအေးသလို ခွဲစိတ်ခန်းထဲက သား/ ခဲအို ဖြစ်သူကိုလည်း  စိတ်ပူရသည်။

ခွဲစိတ်ခန်းထဲက ဆရာဝန်ထွက်လာတော့

"လူနာအခြေ အနေမကောင်းဘူး ‌သွေးလိုနေတယ် "

" ဗျာ!"

ဘုန်းခြေထောက်များ ယိုင်ကျသွားသလို ၊မြန်းလည်း ရင်ထဲ ဒိန်းခနဲပင် ။

ဦးမာနမှာလည်း ဆရာဝန်၏ စကားကြောင့် ရင်ထဲ စို့သွားသလိုဖြစ်ပေမဲ့ ‌သူပါ အားနည်နေရင် မြန်းနဲ့သားက ဘယ်လို အားပေးလို့ရမလဲ

"အရေးကြီး သွေးလိုနေပါတယ် သွေးက AB သွေး "

"AB သွေး!"

ဖအေဖြစ်သူနဲ့လည်း မတူတဲ့ သားဖြစ်သူရဲ့ သွေး အမျိုးအစားကြောင့် ‌ဦးမာန ခေါင်းခဲသွားသည်။

မိသာစုတွေ တငိုငို ဖြစ်နေတဲ့ အချိန်မှာ ဖောက်ထွက်လာတဲ့ အသံတစ်ခု

"ကျတော် AB သွေးပါ Doctor ! ကျတော် ကူညီပါမယ်"

"ဟင်!"

 သက်တံ့🌈Where stories live. Discover now