Part - 12

3.8K 373 9
                                    

Unicode -----

Boss { 12 }
.
.
.
.
.
.
.

" Jake အခု အဂျီဘာလုပ်ရမှန်းမသိတော့ဘူး
ကိုကို့ ကိုပြန်တွေ့ပါ့မလားစိုးရိမ်နေတယ် "

" ဆရာဘာမှမဖစ်လောက်ပါဘူး...
အရမ်းစိုးရိမ်မနေပါနဲ့ "

ပြောသာပြောတာ သူကိုယ်တိုင် ဆရာ့ကိုစိုးရိမ်နေရသည်

ကလင်...ကလင်...

ဧည့်ခန်းထဲမှဖုန်းမြည်သံကြောင့်

" အကိုလေး...ခန "

" ဟုတ်...."

မင် ဘာမှပြောချင်စိတ်မရှိတော့ပါ
ရင်ထဲမှာ ကိုကို ဘာမှမဖစ်စေဖို့ပဲ
ဆုတောင်းနေမိသည်

ဟင်းးးးး.....
Jake ကလဲဖုန်းပြောနေတာကြာလိုက်တာ

မင် ဧည့်ခန်းထဲအရောက်....

" ဟင်....အဲ့တာဆို ဆရာက Incheon အစွန်ကခြံမှာပေါ့ "

" .................. "

" ဟုတ်ပြီ....ကျွန်တော်တို့အခုပဲ လိုက်လာခဲ့လိုက်မယ် ဟင်....အကိုလေး "

အနောက်လှည့်ကြည့်လိုက်တော့ ဧည့်ခန်း၀မှာရပ်နေတဲ့အကိုလေး....

" သူဘယ်မှာလဲ "

" Incheon မြို့စွန်မှာတဲ့...
ရဲမှူးကလမ်းတစ်၀က်တောင်ရောက်နေပြီတဲ့
ကျွန်တော်တို့ပါလိုက်သွားကြမလား...
ဒါမှမဟုတ်...ဒီမှာထိုင်ပြီး...
ဟိုကသတင်းစောင့်မလားအကိုလေး "

" ဟင့်အင်း....ထိုင်မစောင့်ဘူး...
ကျွန်တော်လိုက်သွားမယ်...Jake နေခဲ့လိုက်ပါ
ဧည့်ခံပွဲကို တက်နိုင်သလောက်အချိန်ဆွဲပေးပါတကယ်လို့ အချိန်မှီရောက်မလာခဲ့ရင်
ဖျက်လိုက်ပါ......"

" အကိုလေး... အကိုလေးတစ်ယောက်ထဲသွားလို့မဖစ်ဘူး... ကျွန်တော်...."

" ရတယ်  Jake မလိုက်ခဲ့နဲ့ "

ပြောပြီးပြေးထွက်သွားသော အကိုလေးကိုကြည့်ကာ...

ဟူးးးးးး......
သက်ပြင်းအသာရှိုက်မိသည်

.
.
.

" အားးးးး ကျွတ်...ကျွတ်...."

ခေါင်းထဲမူးနောက်နေကာ မျက်လုံးကိုအားယူပြီး ဖွင့်ကြည့်သည်

BOSS ( U+Z ) [ Complete ]Where stories live. Discover now