Part 30🍂Unicode

1.8K 159 2
                                    

စိတ်ကုန်သွားနိုင်သည့် အရာတွေထဲတွင်
ကျွန်တော်အဖြူလွင်လွင်ရဲ့အချစ်တွေ မပါဝင်သလို
ငြီးငွေ့လာနိုင်မည့် အချစ်မျိုးတစ်ခုအဖြစ်လည်း တည်ရှိမနေပါ........။

ကျွန်တော်ကို ချစ်ဖို့ကောင်းသည်ဆိုသောသူက
ပိုပြီးချစ်ဖို့ကောင်းသည်ဆိုတာကို ပြောပြလိုက်လျှင် 'မဟုတ်ပါဘူး မူပိုင်ကမှ ပိုအသည်းယားဖို့ ချစ်ဖို့ကောင်းတာ'ဟု ပြန်လည်ချေပမည့် ချစ်ရသူ..။

မြတ်နိုးမှုတို့ အစတည်ရာ ဖန်အိမ်ငယ်မျက်ဝန်းဝိုင်းဝိုင်းတွေနဲ့များ ဒီလူကို
ပြုစားတယ်လို့ ပြောပြမိလျှင်
'ချစ်စိတ်ကြောင့် ဖြစ်လာတာ ကိုယ်ကို အပြစ်မဆိုလေနဲ့'  ဟုလည်း ပြန်ချေပဦးမည်။

ကိုယ်ရော ပြောပြရဦးမလား မူပိုင်?

မူပိုင်ရဲ့ မျက်ဝန်းမှေးမှေးတွေလည်း ချစ်တယ်
လက်ဖောင်းဖောင်းတွေလည်း အသည်းယားလွန်းလို့
ကိုက်ချင်တယ်
နှုတ်ခမ်းဖူးဖူးတွေလား?
ဒီလူကို အချိန်တိုင်း ပြုစားနေလွန်းလို့ တစုံတရာဖြစ်သွားမှာ တွေးခက်ရချည်ရဲ့.....။

မျက်ဝန်းမှေးမှေးတွေကို ဒီလူအမြတ်နိုးဆုံးဆိုလျှင်
နှုတ်ခမ်းဖူးဖူးတွေကလည်း ဒီလူသဘောအကျဆုံး...

"ကိုယ်ရဲ့မူပိုင်က အဖြူနဲ့တအားလိုက်တယ်"ဆိုသည့်စကားကို
koreaမရောက်မချင်း ပြောလာတယ်။
ဆုပ်ကိုင်ထားသော လက်ဖဝါးတို့ကိုလည်း မလွှတ်ပေးသလို ကျန်လက်တစ်ဖက်က
လက်ကောက်ဝတ်နေရာလေးကို
ဖွဖွဆုပ်ကိုက်ရင်း ပွတ်လိုက်။
ဆုပ်ကိုင်ထားသောလက်ဖြင့်လည်း
ကျွန်တော်လက်ဖမိုးကို ဆွဲယူကာ နမ်းလိုက်။
ဘေးက ကျွန်တော်ကိုလည်း
လှည့်ကြည့် လှည့်ကြည့်ဖြင့်......။
တကယ်တော့
ကျွန်တော် တုန်လှုပ်မနေသလို ကြောက်ရွံလည်းမနေ
စိတ်လှုပ်ရှားတာလည်း မဟုတ်သလို ဝမ်းနည်းနေတာလည်းမဟုတ်.....။

ဒါဟာ ကျွန်တော်ကဖြစ်နေသည်မဟုတ်ဘဲ
ကျွန်တော်အဖြူလွင်လွင်ရဲ့ ခံစားချက်ဖြစ်ပေလိမ့်မည်။
သူ စိတ်လှုပ်ရှားနေတာမို့ မနေတတ်မထိုင်တတ် တစ်ခုခုဖြစ်နေတာမို့  ဘေးမှကျွန်တော်အား အမှီပြု၍ သူ စိတ်ဖြေလျော့နေခြင်း.....။

~🍂 The Way We Met 🍂~(Complete)Where stories live. Discover now