Part 8🍂Unicode

2.8K 276 11
                                    

**Jungkook တအားအနေအေးလွန်းတာလား
ဘာကြောင့်လဲ ရေရေရာရာ သူမသိရ
ကိုရီးယားရှိစဉ်ကတည်းက တီတီတို့လည်း
သေချာထုတ်မပြောကြ
ရောဂါ ဘာညာများရှိနေသလား??
မဖြစ်နိုင်တာ...မဟုတ်ဘူး.. မဟုတ်ဘူး... ရောဂါရှိစရာလား
ယောက်ျားလေးမလို့ စကားသိပ်မပြောတာနေမှာပါ**

တစ်ကိုယ်တည်း တွေးနေလည်း ဒီလူကြီးအကြောင်းကပြန်လာ၏
သို့သော်လည်း ဝေးကွာနေတုန်း
အေးစက်နေတုန်း
ဟုတ်မှာပါ နီးစပ်နေသည် ခံစားရအောင်လည်း
ကိုယ်တွေက ဘာတွေမလို့လဲ

"အာ့...."

တကယ်တော့ ဒီနေ့ကျောင်းပိတ်ရက်မို့ ခြံထဲက Morningပင်လေးတွေကို ရေလောင်းနေခြင်း
အတွေးကလည်း နယ်ချဲ့နေတော့
ခြေချော်သွားသည်
ကျွန်တော်နောက်တွင်တော့

"လာပြန်ပြီ ALL BLACKနဲ့"

ကျွန်တော်ကို ကြည့်မြဲရပ်ကြည့်နေသည်

"Jung..ဦးဂျွန် ကျွန်တော်ကို ထူပါဦး"

"မင်းထိုက်နဲ့ မင်းကံ"

ဟုဆိုကာ ပြန်လှည့်ပြီး အိမ်ထဲ ဝင်သွားသည်

"အား ဒီလူ ဘယ်လိုလူလဲ ဦးဂျွန် လူယုတ်မာကြီး"

ကြိုးစားပြီး ထနေပေမယ့် ခြေချင်းဝတ်က နာသွား၍ ထောက်ရတာ အဆင်မပြေ တစ်လှမ်းနှစ်လှမ်း လှမ်းရုံတောင် အတော်နာ၏
မတတ်နိုင်ဘူး  အိမ်ထဲတော့ရောက်မှဖြစ်မည်
ဖုန်းကအိမ်ထဲတွင် ဆရာဝန်ဖြစ်ဖြစ် လှမ်းခေါ်မှ ဖြစ်မည်

"တော်တော်အကြင်နာတရား ခေါင်းပါးတဲ့ လူကြီး
သူကျလည်း ပြန်ဖြစ်......ဟင်..."

ဆေးသေတ္တာယူ၍ ပြန်ထွက်လာသော ဦးဂျွန်
အနားထိလျှောက်လာရင်း
ခြေချင်းဝတ်ကို ဆွဲကိုင်သည်
လက်ချောင်းတွေဟာ အမြဲလိုလိုအေးစက်စက်
အိမ်ထဲလည်း အနွေးပေးစက်ရှိရက်နှင့်ပင်
ဦးဂျွန်က တအားအေးစက်နေတယ်
အသားအရည်ကရော ဘာလ်ုိ့ကျွန်တော်ထက်ဖြူရတာ?

စကားတစ်ခွန်းမှပင် မဆိုဘဲ
ခြေချင်းဝတ်ကို ဆေးလိမ်းဖို့လုပ်နေသည်
*ဟင်*ငါ့ခြေထောက်ကို နှိပ်ကြည့်နေတာလား
ငရဲတွေကြီးတော့မှာဘဲ ဦးဂျွန်ရာ.......

~🍂 The Way We Met 🍂~(Complete)Where stories live. Discover now