Part 9🍂Unicode

2.6K 276 4
                                    

'အိမ်မက်ဖြစ်လိုက်စမ်း'ဆိုသည့်စိတ်ဖြင့်
မေ့လဲခဲ့သော ကျွန်တော်
အခုရော စိတ်နဲ့လူနဲ့ တသားတည်း ဖြစ်သွားပြီလား?
မျက်လုံးမဖွင့်ချင်သေး
ဟင့်အင်း မဖွင့်ရဲသေး
မျက်နှာကြက်ဖြူဖြူကြီးဘဲ မြင်ရမလား?
မှောင်မဲနေသည့် အခန်းကြီးထဲရောက်နေမလား?
ဘယ်လ်ိုနေရာမှာဖြစ်ဖြစ် အဆင်ပြေသည်
အဖြူလွင်လွင်လေးသာ ပြန်လာပေးနိုင်မလား?
ဦးဂျွန်သာ ဘာမှမဖြစ်ဘဲ အရင်လိုလေး
ပြန်ဖြစ်ပေးနိုင်မလား?......

ခန္ဓာက သက်တောင့်သက်သာရှိနေသေးသည်မို့
ကျွန်တော် စိတ်ဖြေရင်း ဖွင့်ကြည့်မိသည်
အင်း ထင်သည့်အတိုင်း
မြင်ရသော မျက်နှာကြက်ဖြူဖြူ
လိုက်ကာတွေကအစ အဖြူရောင်
မရင်းနှီနေသော နေရာတစ်ခု
ကြိုးစားရင်း ထမိတော့
လက်တွေ ဆေးပိုက်တန်းလန်း.....

"ဟင်?ဟျောင့် Jimin နှိုးပြီလား?
အသိစိတ်ကပ်ပြီးလား ငါဘယ်သူလဲ သိသေးလား?"

"......."

"Hey... ငါလေ ငါ ဂျာမနီသားလေကွာDellasလေ
သိလား မှတ်မိလား?"

ကျွန်တော်ခေါင်းငြိမ့်ပြလိုက်မှ ဆက်မမေးတော့ပေ
တော်တော်စိတ်ပူသွားပုံဘဲ ကျွန်တော့်သူငယ်ချင်းလေး
ကျွန်တော်ကရော ဘယ်လိုဖြစ်ပြီး ဆေးပ်ိုက်နဲ့ဖြစ်နေရတာ
နောက်ပြီး ဒီနေရာကရော?

"ငါဘယ်လိုဖြစ်ပြီး ဒီရောက်နေတာ ဒါကရော ဘယ်နေရာလဲ"

"ဟေ ငါက မင်းပြန်မေးချင်တာ
မင်းဘာလို့ တစ်ယောက်တည်း
ပန်းခြံထဲ မေ့လဲနေရတာ
မင်းကို အသိတွေ့လို့ ထွက်သွားတယ်ထင်တာ
ငါလည်းမျှော်ရင်း မလာနိုင် မလာနိုင်ဆိုတော့ လိုက်ရှာလိုက်တာ
ဘုရားရှင်ကယ်လို့ပေါ့
ဒီလောက်အေးတဲ့နေရာမှာ
မင်းမေ့လဲနေတာ ဘာမှမဖြစ်လို့
ငါတော့ သွားပြီကို မှတ်တာာ
ငါကိုင်ကြည့်တော့ မင်းတကိုယ်လုံး အေးစက်နေပြီလေ တောင့်တောင့်ကြီး
ငလူးး ပြောရင် အခုတောင် အေးချင်လာပြီ"

"ငါတစ်ယောက်တည်းလား?"

"အေးပေါ့ မင်းမသွားစမ်းနဲ့ အဲ့ ပန်းခြံထဲက တောအနက်ထဲထိ ဘာကိစ္စသွားတာ မကြောက်မလန့် ဆောင်းတောင် ကုန်နေပြီကို မြူတွေက မကုန်သေးဘူး
အေးကအေးသေး
ပတ်ဝန်းကျင်ကိုက လန့်စရာပါဟာ"

~🍂 The Way We Met 🍂~(Complete)Where stories live. Discover now