Part 16🍂Zawgyi

940 45 5
                                    

"Jungkook.... "

မနက်ဝေလီဝေလင်း အချိန်တွင်
လေးလေးပင်ပင်နှင့် ကျွန်တော်၏အမည်နာမအား ခေါ်လာသည်.....
မျက်လုံးမှေးတို့သည်လည်း
ဖွင့်တစ်ချက် မှိတ်တစ်ချက်နှင့် ကျွန်တော်အား
ရင်ခွင်အတွင်းမှ မော့ကြည့်လာ၏

"Jimin ချမ်းသေးလား?
သတိရော ရရဲ့လား? ဘာလိုလို့လဲ?"

"......."

"ဟင်? ကျွန်တော် ဘာလုပ်ပေးရမလဲဟင်? လိုတာရှိရင် ကျွန်.........."

"ဖက်ထားပေး......ချမ်းလွန်းလို့ ရူးတော့မယ်
အေးလွန်း......."

"ကျွန်တော်ရှိတယ် ကျွန်တော့်ကို အားကိုးပါ
Jungkookရှိတယ် Jungkook.. Jungkook.."

"Jungkook~ka...."

"ဟုတ်...ဟုတ်ကဲ့....ကျွန်တော်ရှိတယ်"

"........."

ပိုတိုး၍ ဖက်ထားရင်း
စကားဆိုရင်း
လူသားသေးသေးလေးကလည်း
ကျွန်တော်ကို မှီခိုရင်း.......

~~~~~~~~~

နေမကောင်းနေတာ သိသော်လည်း
ဒီပုံရိပ်ကို မြင်မိတော့ မပြုံးဘဲက မနေနိုင်
၂ယောက်သား စကားဆိုရင်း ဖက်ထားရင်း
အရင်က ချုပ်တည်းထားသလောက် အခုတော့လည်း
ကျွန်မသားလေး Jungkook
အနားက ခွာတောင်ရပါ့မလားမသိ....
သူလေးနဲ့ ပတ်သက်ရင် ခံစားလွယ်သလို
သူလေးနဲ့ ပတ်သက်လာရင် အရာရာထက် ပိုပြီးနှစ်ခြိုက်တတ်သည်လေ......
အခန်းတံခါးပိတ်၍သာ ပြန်လှည့်လာခဲ့သည်
မနိုးစေချင်သေးပါ

"အစ်မရေ သားတို့က အိပ်တုန်း
အစ်မ ဆန်ပြုတ်အိုး တည်ပြီးမှ
သွားနှိုးရအောင်လေ နော်"

"အယ် ဟုတ်သား သားလေး အေးနေသေးသလား?ချမ်းတယ် ပြောတုန်းလား?
အစ်မလည်း ညက ပင်ပန်းရင် အိပ်ပျော်သွားတော့
Jungkookလေးကို အားနာ......."

"လိုသလား? လိုသလား အစ်မရယ် ဟင်?
အစ်မသာ  ကြည်ဖြူပေးရင် ကျေနပ်ပြီ..."

"ဟင်??"

"ဘာမှမဟုတ်တော့ဘူး  ညီမလည်း Jungkookအဖေဆီ သွားဦးမယ် ခဏနေမှ အစ်မလည်း သားတို့ကို သွားနှိုးလိုက်နော် နော်"

~~~~~~~

စိတ်မချလို့ တက်လာကြည့်မိတော့ Jungkookလေးဆင်းလာတာနှင့် တိုးသည်

~🍂 The Way We Met 🍂~(Complete)Where stories live. Discover now