Part 19🍂Unicode

2K 191 4
                                    

အချိန်နဲ့အမျှ Jungkookအကြောင်းသိလာရသည်
တကယ်တော့ ကလေးဆန်ဆန်
ရွဲ့ချင်စိတ်လေးကြောင့်
သူဆိုးခဲ့သည်...
မထင်ရဘူးမလား?
အေးအေးဆေးဆေးနေတတ်ခဲ့တဲ့သူလေးက အဆိုးလေးဖြစ်နေတာ....

အေးဆိုးလေး!!

ဒေါက်ဒေါက်

"ဘယ်သူလဲ"

"........"

"Jimin~ssi မခေါက်စဖူး မခေါက်နဲ့ဗျာ...."

ဒီကို လာရဲတာ သူနဲ့Jungkookမေမေဘဲရှိမည်
တီတီကလာတိုင်း  ' သားရေ '
အရင်ခေါ်တတ်တယ် တံခါးမခေါက်
ကျွန်တော်ကတော့ ခေါ်လည်းမခေါ်သလို ခေါက်လည်းမခေါက်တဲ့တစ်ဦးတည်းသောသူ
အခုမှ တမူထူးလာတာတောင် သူသိနေတယ် ကျွန်တော်မှန်း...

"OK I'm coming I'm coming...ဟီး "

"ဆိုပါဦး ဘာလို့"

"စာကြည့်တိုက် သွားစို့လေ"

"မပြီးသေးဘူးဗျ ဒီမှာက တန်းလန်းကြီး"

"ထားခဲ့ကွာ Jungkookဘဲ တစ်ပတ်ကို၂ရက်၃ရက်တော့ လိုက်ဖတ်မယ်ဆို"

"ရေချိုးပါရစေဦးလား ဟင်?"

"ချောပြီးသားကို လာပါ သွားမယ်
ဒါကြီးချွတ် ဒါကိုလည်း ချ
လက်လေးရေဆေးမယ် ကောင်လေး "

"Jimin......"

"......"

သူလုပ်ချင်တာ လုပ်နေရရင်တော့
အမြဲပြုံးနေတော့တာဘဲ....
အခုသူ့ပုံကလေ.
မူကြို မသွားချင်တဲ့ကလေးကို အတင်းပို့တော့မယ့်ပုံ
တကယ် အကြီးသေးသေးလေး!!

ခပ်ပွပွT-shirtအဖြူနှင့် ဂျင်းပြာကိုတွဲဝတ်ထားသည်
ရေချိုးလာပုံရသည် အမွှေးနံ့ရနေသည်မို့
ကျွန်တော်ကတော့ ရေမချိုး မိုးမချိုး
ပေတီပေစုတ်
ဝတ်ဆင်ထားသော အကျီင်္အဖြူမှာ
ဆေးတွေက ပေနေသေး....

"Jimin အဝတ်အစားတော့ လဲချင်သေးတယ်
ကျွန်တော်ကို ကြည့်ဦးလေဗျာ"

"ချောပြီးသားပါဆို....."

Jumgkookကပြန်မဖြေဘဲ အိမ်ဘက်သွားရာလမ်းကို ဦးတည်လိုက်သည်
ဒီလူသားသေးသေးကို အားမသုံးချင်ပါဘူးဆိုမှ
အခုတော့ ကျွန်တော်ကို ဆွဲမထားနိုင်၍
သူပါ ပါလာပြီ

~🍂 The Way We Met 🍂~(Complete)Where stories live. Discover now