𝖤𝗉𝗂𝗌𝗈𝖽𝖾 - 24 || 𝖿𝗂𝗇𝖺𝗅𝖾

Start from the beginning
                                    

"ကျွန်တော်တို့ ညက..."

"ဘာမှမဖြစ်ခဲ့ဘူး"

ဂျောင်ကုထံမှ မဝံ့မရဲထွက်လာ‌သောမေးခွန်းတစ်ဝက်တစ်ပျက်ကို ဟိုဆော့က နားလည်စွာဖြေလိုက်တော့ ဂျောင်ကု မျက်ခုံးပင့်သွား၏။

"တကယ်!"

"တကယ်ပေါ့၊ ငါက မင်းကိုလိမ်စရာလား"

ထိုမှသာ ဂျောင်ကုက စိတ်အေးသွားသလို ဟူးခနဲသက်ပြင်းချရင်း

"တော်သေး‌တာပေါ့၊ ကျွန်တော့်လူပျိုရည်လေးမပျက်သွားတာ။ အာ့!"

နစ်နာသူလိုလုပ်နေသည့်ဂျောင်ကုကို ဟိုဆော့ကြည့်မရတော့ပဲ ခေါင်းအုံးနဲ့ပစ်ပေါက်ပြီး အခန်းထဲမှထွက်လာခဲ့၏။ ဂျောင်ကုသည်တော့ ဟိုဆော့ ပစ်ပေါက်လိုက်သည့်ခေါင်းအုံးကိုအမိအရဖမ်းကာ အသံမထွက်သော်လည်း သွားတန်းတွေပေါ်သည်အထိ အားရဝမ်းသာပြုံးနေ‌လေရဲ့။

နောက်ထပ်၊ နောက်ထပ် မနက်ခင်းတိုင်းမှာ အခုလို ကိုကိုနှင့်အတူ နိုးထခွင့်ရမယ်ဆိုတဲ့အရာက သူ့အတွက်တော့ ကောင်းချီးတွေပါပဲလား။

အခန်းတံခါးပိတ်ပြီးမှသာ ညကဂျောင်ကုဆွဲဖြုတ်ထားသည့်ကြယ်သီးတွေကို ပြန်တပ်ရသည်။ သို့သော် တစ်လုံးပင်ပြီးအောင်မတပ်ရ၊ ညကတည်းကမြည်တဲ့ဘဲလ်က အခုလည်းထပ်မြည်လာတာမို့ ဟိုဆော့ တံခါးဖွင့်ဖို့ သွားရပြန်သည်။

တံခါးဖွင့်လိုက်သည်နှင့် အိမ်ရှေ့တွင်ရောက်နေသူကြောင့် ဟိုဆော့ အံ့ဩခြင်းပေါင်းများစွာဖြင့်ရပ်ကြည့်နေမိသည်။

"ကိုကိုကလည်း ကျွန်တော်တို့ညကတစ်ခုခုဖြစ်သွားတယ်ဆိုရင်..."

အပေါ်ပိုင်းဗလာဖြင့်အခန်းထဲမှထွက်လာသည့်ဂျောင်ကုသည် ‌ဟိုဆော့ရှေ့တွင်ရပ်နေသူကိုမြင်တော့ စကားပင်ဆက်မပြောနိုင်တော့ ကြောင်အစွာရပ်နေမိသည်။

အရံဟင်းဘူးတို့ပါသည့်အိတ်ကြီးတစ်လုံးကိုဆွဲလျက် အိမ်ရှေ့တွင်ရပ်နေသော ဟိုဆော့၏အမေသည် သားအခန်းရှေ့မှ ရင်းနှီးနေသည့်အပေါ်ပိုင်းဗလာနှင့်ကောင်လေးကိုတစ်လှည့်၊ ကြယ်သီး‌သုံးလုံးလောက်ပြုတ်နေသည့်သားဖြစ်သူကိုတစ်လှည့်ကြည့်ရင်း သူမ မျက်နှာပူစွာ လှည့်ပြန်မယ်ပြင်လိုက်မှ ဟိုဆော့က အပြာပြာအယာယာ လှမ်းတားသည်။

𝖳𝗁𝖾 𝖡𝗅𝖺𝗓𝖾Where stories live. Discover now