𝖤𝗉𝗂𝗌𝗈𝖽𝖾 - 3

547 111 47
                                    

နေ့လည်စာစားချိန်၌ အထွေ‌ထွေဘက်ရောက်နေသည့် ဌာနမှူးဆီသို့ ဆွေးနွေးစရာရှိတာကြောင့် ဟို‌ဆော့ အပြေးသွားရသည်။ သူနာပြုလေးတစ်‌ယောက်ကိုမေးပြီး ဌာနမှူးရှိသည့် လူနာခုတင်ကို အတိအကျသိလာပြီးနောက် ဌာနမှူးနှင့်စကားပြောချိန်ရခဲ့သည်။ အသိတစ်ယောက်နှင့်ဆုံတာကြောင့် ရောဂါအခြေအနေ‌အကြောင်း‌ မေးမြန်းနေသည့်ဌာနမှူးကို ခပ်သွက်သွက်စကားဖြတ်ပြီး ရုံးခန်းပြန်လာရသည်။

နောက်တစ်ပတ်ကျ တစ်လအတွင်းခွဲစိတ်မှုတွေအကြောင်း အစီရင်ခံစာတင်ပေးရမှာမို့ သူအခုတလော အလုပ်ရှုပ်နေသည်မှာ နားရတယ်ကိုမရှိ။

"အယ်!"

လက်ထဲကဖိုင်ကိုသာငုံ့ကြည့်ရင်း လမ်းလျှောက်လာသည်မို့ လူနာခန်းထဲမှထွက်လာသူကို မမြင်ဘဲ တိုက်မိသွားသည်။ ကျသွားသည့်reportစာရွက်တွေကိုပြန်ကောက်တော့ ထိုသူကလည်း ကူညီပေးသည်။

"တောင်းပန်..."

သိမ်းထည့်လိုက်သည့်စာရွက်တွေကို ဖိုင်နှင့်အသေအချာတွဲကိုင်ပြီး မတ်တပ်ရပ်လိုက်ချိန် အရှေ့တွင်ရပ်နေသူကြောင့် ဟိုဆော့ ဆက်ပြောမည့်တောင်းပန်စကားပင် ရပ်တန့်သွားရသည်။ ဟိုအရိုင်းအစိုင်းလေး!

"ဟာ ဒေါက်တာ၊ ပြန်ဆုံရတာ ဝမ်းသာပါတယ်ဗျ"

အရင်တစ်ခေါက်တွေ့တုန်းကလို ကုတ်အပြည့်အစုံနှင့်မဟုတ်ပဲ အညိုရောင်ကုတ်ကိုချွတ်ကာ လက်တစ်ဖက်ပေါ် ခေါက်တင်ထားသည်။ သွေးလား၊မြေကြီးလားမသဲကွဲသည့် အစွန်းအထင်းတချို့ကလည်း အောက်ခံရှပ်အဖြူတွင် စွန်းထင်းနေသည်။ သွားတန်းတွေပေါ်သည်အထိပြုံးကာ လက်ကမ်းလာသူကို ဟိုဆော့ ပြန်မနှုတ်ဆက်ဖြစ်။ သူနဲ့ အဲ့လောက်ထိ တရင်းတနှီးပြောရလောက်သည့်ဆက်ဆံရေးမှ မဟုတ်ပဲ။

"ခုနက တိုက်မိတာ sorry"

"အာ့!"

မှားတာ သူ့ဘက်ကဖြစ်နေသည်ကြောင့် ဝတ္တရားအရပြန်တောင်းပန်ပြီးထွက်လာတော့ မထင်မှတ်ပဲ ထိုကောင်လေး၏လက်တစ်ဖက်ကို တိုက်မိသွားသည်။ အားလည်းအဲ့လောက်မပါပဲ အသည်းအသန်းထအော်သူကို ဟိုဆော့ မကျေနပ်စွာလှည့်ကြည့်တော့ လက်ဖျံနေရာတွင် အင်္ကျီပြဲသည်အထိ အစင်းကြောင်းတစ်ခုနှင့်အတူ သွေးထွက်နေဆဲ ဒဏ်ရာတစ်ခုကို တွေ့လိုက်ရသည်။

𝖳𝗁𝖾 𝖡𝗅𝖺𝗓𝖾Where stories live. Discover now