-6-

182 30 8
                                    

[Unicode]

စန္ဒရားခလုတ်ခုံပေါ်သို့ တင်ထားသော လက်ချောင်းဖြူသွယ်လေးများသည် မသိမသာ တုန်ရီနေသည်။ ဂျောင်ဂုသည် သူ၏ပတ်ဝန်းကျင်အား လျစ်လျူရှုကာ တေးသွားတစ်ခုကို အသည်းအသန်စဉ်းစားနေသည်။

ထိုစန္ဒရားအား မြင်သည်နှင့် တေးသွားတို့အား ပုံဖော်ချင်လှပါသော်လည်း တကယ်တမ်းတွင် သူ၏မသိစိတ်က ကြောက်ရွံ့နေသည်။

မျက်ဝန်းတို့က ထိုအဖြူအမည်းခလုတ်ခုံ ပေါ်မှတစ်ဆင့် မြင်ကွင်းအဟောင်းတို့အား မြင်ယောင်လာသည်။ အိုဟောင်းနေတဲ့ မြင်ကွင်းတွေ။

မျက်နှာပုံစံအား မသဲကွဲသော အမျိုးသမီးတစ်ဦးသည် ဂျောင်ဂုအားကျောပေးကာ စန္ဒရားကိုတီးခတ်နေသည်။ သာယာငြိမ့်ညောင်းသော Betoven ၏ moonlight sonata သံစဉ်အား တီးခတ်နေပါသော်လည်း သူသိသော သံစဉ်နှင့်မတူ အလွန်သာယာပျော့ပျောင်းလွန်းနေသည်။

ထိုအမျိုးသမီး၏နံဘေးမှ ထိုင်ခုံတွင် ကလေးတစ်ဦးသည် ခြေတံတိုလေးများအား လှုပ်ခါကာ ဆော့ကစားရင်း သံစဉ်ကို နားထောင်နေသည်။ ဂါဝန်လှလှလေးနှင့် ခြေစွပ်ဒေါက်ဖိနပ်လေးအား လှုပ်ယမ်းနေသော ထိုကလေးမလေးသည် အလွန်ပျော်နေဟန်ရသည်။

ရုတ်တရက် စန္ဒရားခလုတ်အား ဖိဆောင့်ချလိုက်သော အသံကျယ်ကျယ်က မြည်ဟီးသွားသည်။ အမျိုးသမီးက စန္ဒယားခလုတ်ကို ဖိနှိပ်ကာ သံစဉ်ကို ရပ်တန့်လိုက်ခြင်းဖြစ်သည်။ ဒေါင်ဆိုသော မြည်သံ၏ အဆုံးတွင် တစ်ပြိုင်နက်ဆိုသလို ထိုသူနှစ်ယောက်က ဂျောင်ဂုဆီသို့ လှည့်ကြည့်လာသည်။

"ဂျောင်ဂု!
မင်း အဆင်ပြေရဲ့လား"

ပခုံးတစ်ဖက်မှ ခပ်ဖွဖွပုတ်သံကြောင့် နောက်လှည့်ကြည့်မိတော့ ထယ်ယောင်းဖြစ်သည်။ နဖူးစပ်မှ ဆို့တက်လာသော ချွေးစတို့အား သုတ်ကာ ခေါင်းငြိမ့်ပြသည်အထိ ထိုသူ့မျက်ဝန်းတို့က စိုးရိမ်ရိပ်တို့ ကပ်ငြိဆဲ။

ဘာလို့များ သူ့အားစိုးရိမ်နေရပါသလဲ။

နှုတ်ခမ်းတို့၏ လှုပ်ရှားပုံအား စူးစိုက်ကြည့်နေသော ကောင်လေးကြောင့် သူ့စိတ်ထဲတွင် မတင်မကျအတွေးတစ်ခုက ကြီးစိုးလာသည်။ ထိုကောင်လေးသည် သူတစ်ခုခုပြောတိုင်း အချိန်အနည်းငယ်ကြာမှသာ ပြန်တုံပြန်တတ်သည်။ နှုတ်ခမ်းတို့ပုံဖော်သည်ကိုလည်း သေချာကြည့်ပြီးမှ စကားပြန်ပြောသည်။ စကားအများကြီးအား ပြောလေ့မရှိသော်လည်း များသောအားဖြင့် အမေးအဖြေလည်း ကိုက်လေ့မရှိ။

My MuseWhere stories live. Discover now