-3-

246 54 16
                                    

[Unicode]

Song recommendation-
Danse macabre ( Camille Saint-Saëns )

အဆက်မပြတ်ထုရိုက်နေသော အသံတို့က လုံးဝရပ်တန့်မသွား။ သူကြားနေရသော ထိုအသံအား သေချာအာရုံစိုက် နားထောင်ကြည့်ပါလျှင် အံ့ဩရမည်ပင်။

အဲ့ဒီအသံက တသမတ်တည်း ဖြစ်နေခြင်း။
အနိမ့်အမြင့် အတက်အကျ တစ်စုံတစ်ရာမရှိ၊ စိတ်ခံစားချက်တို့က လစ်ဟနေသလိုမျိုး။

ဒီရှေးဟောင်းအိမ်ကြီးက တစ်စုံတစ်ယောက်၏ ပါးစပ်ဖွာမှုကြောင့် ကျိန်စာသင့်နေသည်ဟု အမည်တွင်ကာ ဆယ်စုနှစ်နှစ်ခုတိုင်တိုင် ဝယ်ယူလိုသူမရှိခဲ့။

ပန်းချီဆရာတစ်ယောက်ဖြစ်သလို လူအများနှင့် ကင်းဝေးရာတွင် တသီးတသန့်နေလိုသည့်အတွက် လူကြဲပါးသော ထိုရပ်ကွက်လေး၏ စွန့်ပစ်အိမ်ကြီးကို သူဝယ်ယူဖြစ်ခဲ့သည်။

ဝယ်ယူပြီးချိန်မှစ၍ မည်သည့်ဧည့်သည်မှ လက်ခံတွေ့ဆုံခြင်းမရှိသလို အမြဲတမ်းချိတ်ပိတ်ထားသောကြောင့် နှောင့်ယှက်မည့်သူလဲမရှိ။ သူ၏ သူငယ်ချင်းအရင်းများပင် မသိသော ဒီနေရာကို တစ်စုံတစ်ယောက် ရောက်လာသည်က အလွန်ထူးဆန်းသည်။

တာဝန်ခံမှူး၏ ဝန်ထမ်းလွှတ်လိုက်မည် ဆိုသောစကားကို ပြန်လည်မတုံ့ပြန်မိသလို သူ့အိမ်၏နေရာကိုလည်း မပြောမိပါ။ သို့သော် မလာစေချင်သူကပင် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာပြီဖြစ်သည်။

အခုတော့ ထိုတံခါးခေါက်သံက သူ၏အတွေးတို့အား နှိုးဆွဝင်ရောက်နေသည်။

နတ်ဆိုးတစ်ပါးပါး၏ ခေါက်သံကဲ့သို့။
ကျိန်စာသင့်ပြီးသား သူ့အတွက်က သိပ်တော့ စိုးရိမ်စရာမရှိပါ။

အိမ်ကြီး၏ အလည်တည့်တည့်တွင် ဆောက်လုပ်ထားသော ကြောင်လိမ်လှေကားရှည်ကြီး တစ်လျှောက် တစ်လှမ်းချင်းလျှောက်လှမ်းကာ သူဆင်းလာသည်။

ဘေးနံရံတစ်လျှောက်တွင် ချိတ်ဆွဲထားသော ရှေးပန်းချီကားနှင့် ဓာတ်ပုံများထဲရှိ လူများက သူလျှောက်လှမ်းလာသည်ကို စိုက်ကြည့်နေကြသည်။ မျက်လုံးစိမ်းတွေနဲ့။

ထိုသည်အား လျစ်လျူရှုကာ နောက်ဆုံးသော လှေကားထစ်အား ခြေချမိသောအခါ ရုတ်တရက် ရပ်တန့်သွားမိသည်။

My MuseNơi câu chuyện tồn tại. Hãy khám phá bây giờ