-2-

270 53 33
                                    

[Unicode]

ထိုနေ့က သူအိမ်သို့အမြန်ပြေးကာ ပြန်ခဲ့သည်။ ဘတ်စ်ကားပင် မစီးပဲ ၄၅မိနစ်ကြာခရီးကို အရူးတစ်ယောက်ကဲ့သို့ ပြေးခဲ့သည်။

ရောက်သည်နှင့် ချက်ချင်းပြေးဝင်ကာ တံခါးကို ပြန်ပိတ်ရင်း သွားမိတာက သူ၏ပန်းချီခန်းသို့။ တစ်စုံတစ်ရာကို အလျင်အမြန်ချရေးရန် တကယ်လိုအပ်နေပြီ။

ပန်းချီအခန်းထဲဝင်ပြီးသည်နှင့် အဝတ်ပင်မလဲအား အခန်းတံခါးအား ပြန်ပိတ်ကာ ထောင်ထားသော ကင်းဗတ်စ်ဆီသို့ သွားသည်။ သူရိုက်ချိုးထားမိသော ဒေါက်တိုင်က ဘေးမှာရှိနေတုန်း၊ ဆေးရောင်စုံတို့ကလည်း ပြန့်ကျဲနေတုန်းဖြစ်သည်။

အသစ်ထောင်ထားခဲ့သော ထိုထောက်တိုင်ပေါ်ရှိ ကင်းဗတ်စ်အား ကြည့်မိတော့ အခန်းတွင်းရှိ မီးရောင်မှိန်မှိန်နှင့် အပြင်ပြတင်းမှ ဝင်နေသော လရောင်ဖြဖြတို့က အဖြူရောင်အစတွင် အရိပ်ထင်နေသည်။

ဘေးတွင်ကျနေသော စုတ်တံအား အလျင်အမြန်ကိုင်ကာ ရှာနေသည်က ညှစ်ဆေးဗူးတစ်ခုတစ်လေ။ တွေ့သည်နှင့် ဆေးစပ်ပြားဆီသို့ ညှစ်ချမိတော့ အဝါတောက်တောက်အရောင် ဖြစ်နေသည်။ ကိစ္စတော့မရှိ သူအကျွမ်းကျင်ဆုံးအရာက အရောင်တွေကို ကစားတာဖြစ်သည်။

ဆေးဗူးများထည့်ထားရာ သေတ္တာဆီမှ ဆေးဗူးအချို့ကို ယူလာကာ ကြမ်းပြင်ပေါ်မှ ဆေးစပ်ပြားဆီသို့ နေရာချသည်။ ပြီးသည်နှင့် ထိုဆေးများအား စပ်ကာ သူ၏အနုပညာကို အဖြူရောင်လွင်ပြင်တွင် စတင်ပုံဖော်တော့သည်။

ဆေးတစ်စက်...စုတ်တံတစ်ချက်...
တစ်ချက်ပြီးတစ်ချက်....
တိုင်ကပ်နာရီမှ နာရီ....မိနစ်....စက္ကန့်တို့
ကူးပြောင်းနေသံ တစ်ချက်ချက်....

ခြောက်ကပ်ကပ် အခန်းမှောင်မှောင်တစ်ခုတွင် ကြားနေရသည်က သူ၏ကိုယ်ပိုင် အသက်ရှူသံနှင့် ဆေးစက်တို့ တစက်စက်ကျသံ၊ နာရီမှလက်တံတို့ ရွေ့လျားသည့်အသံ၊ စုတ်တံမှတရှပ်ရှပ်အသံ။
သူ့ကမ္ဘာထဲတွင် ထိုအသံတို့မှလွဲ မည်သည်မှမကြားရ။

နေ့ရက်တို့က ကူးပြောင်းနေသည်။
အခုဆိုလျှင် အပြင်ဘက်ပတ်ဝန်းကျင်သည် မနက်ခင်းဖြစ်နေသည်။
မည်သည့်နေ့ရက်ဆီသို့ ရောက်နေပြီမှန်းတော့ သူမသိ။ ပန်းချီကားဆီသို့ အကြည့်ပို့မိတော့ အပြီးသတ်ခါနီး ဖြစ်နေပြီကို တွေ့ရသည်။

My MuseWhere stories live. Discover now