-5-

192 36 12
                                    

[Unicode]

မရပ်မနားမောင်းနှင်နေသော ကားကလေးသည် အပင်အိုကြီးများ အုံ့ဆိုင်းပေါက်ရောက်နေသော တောလမ်းကလေးကို ဖြတ်ကာ နေကြာပန်းခင်းကြီးအနားတွင် ရပ်တန့်သွားသည်။

"ကျွန်တော်တို့ ရောက်ပြီလား"

ခါးပတ်အားဖြုတ်ကာ ဆင်းရန်ပြင်မိတော့ သူ့လက်မောင်းအား သန်မာသော လက်တစ်စုံက ပြန်ဆွဲယူသည်။

"မရောက်သေးဘူး မဆင်းနဲ့ဦး"

ခဏကားရပ်သော ထယ်ယောင်းသည် အိတ်ကပ်ထဲရှိ မီးခြစ်နှင့်အတူ စီးကရက်တစ်လိပ်အား ထုတ်ယူသည်။ အထက်တန်းကျသော ကိုယ်ဟန်အမူအရာနှင့် ထိုသူက စီးကရက်အား ရှိုက်ဖွာလိုက်သောအခါ ပြာမှုန်တို့နှင့်အတူ အခိုးအငွေ့တို့က ပျံ့နှံ့သည်။

စီးကရက်အနံ့ကို မနှစ်မြို့သော သူ၏အဆုတ်ထဲသို့ပင် ထိုအဆိပ်အတောက်လေတို့က ရောက်လာသည့်အခါ ချောင်းကိုဟန့်ရင်း တွန်းထုတ်ရတော့သည်။

ထိုအခြင်းအရာကို မြင်သည့်အခါ ထယ်ယောင်းသည် မျက်ခုံးတစ်ချက်ပင့်ပြကာ ရှိုက်ထားသော အငွေ့များကို သူနှင့်ဝေးရာဆီသို့ ရှူထုတ်သည်။

"မင်းက စီးကရက်အနံ့ကို မခံနိုင်ဘူးလား"

"နည်းနည်းပါ
ကိစ္စမရှိပါဘူး"

ဘာမှမဖြစ်ဟန် လက်ကိုကာပြကာ ပြောသည်ကို မြင်သောအခါ မျက်ခုံးတို့က မသိလိုက်ပါဘဲ တွန့်ချိုးမိပြန်သည်။

"အားနာစရာတွေ ဖြစ်ကုန်ပြီပဲ"

ပြောပြီးသည်နှင့် စီးကရက်မီးအား ကားပေါ်ရှိ ပြာခွက်ကလေးထဲသို့ နှစ်ကာ ဖွဖွဖိချေ ငြှိမ်းသတ်သော ထိုသူသည် လူကြီးလူကောင်းဟန်သို့ ပြုမူသည်။

ထို့နောက် သူရှိရာဆီသို့ မျက်ဝန်းစိမ်းတို့က သေချာစွာ ကြည့်ရှုနေသည့်အခါ ကျောရိုးတစ်လျှောက်စိမ့်တက် လာရသော ခံစားမှုကြောင့် လက်ဖျားတို့က အေးစပြုလာရသည်။ ထိုသူ၏ အကြည့်များက သူ့အားကြည့်ရှုနေခြင်းသာ မဟုတ်ပဲ သူမှတစ်ဆင့် စိတ်ဝိဉာဉ်အား ဖောက်ခွင်းကာ လေ့လာနေသလိုမျိုး။

My MuseWhere stories live. Discover now