𝖤𝗉𝗂𝗌𝗈𝖽𝖾 - 20

Start from the beginning
                                    

ဂျောင်ကုပေးခဲ့သော ကမာခွံဖြူလေးတွင် ပေစွန်းခဲ့သောသွေးဟာသူ့သွေးဖြစ်သည့်တိုင် ဘာကြောင့်များ ထိခိုက်ဒဏ်ရာရခဲ့သူဟာဂျောင်ကုဖြစ်ခဲ့ရသနည်း။

ယူကြုံမရသောဝမ်းနည်းမှုတွေကြောင့် ဟိုဆော့ လက်ဖဝါးနှစ်ဖက်ဖြင့် မျက်နှာကိုအုပ်လိုက်မိသည်။

‌ဂျောင်ကုအား ဆုံးရှုံးရမည်ဆိုသည့်အတွေးကိုပင် မတွေးရဲ။ သူ့လက်ထဲတွင် သတိလက်လွတ်ဖြစ်သွားသည့်ဂျောင်ကု၏ပုံရိပ်ကို ပြန်မြင်ယောင်မိတိုင်း သူ့ရင်ထဲမွန်းကျပ်မှုတို့ဖြင့် ပြည့်သိပ်လာ၏။ ဒီလိုအခြေအနေမျိုးနှင့်ကြုံတွေ့လိုက်ရသည့်အခါမှသာ သူ ဂျောင်ကုအပေါ် ဘယ်လောက်အတိုင်းအတာထိ ချစ်မိနေမှန်း သူ့နှလုံးသားသူ ပြတ်သားသေချာစွာသိလိုက်ရသည်။

..........

အရုဏ်ဦးအချိန်ဖြစ်သော်လည်း ကျန်ရစ်နေသေးသည့်လရောင်သည် ဖွင့်ထားသောပြတင်းပေါက်မှတစ်ဆင့် အခန်းတွင်းသို့ကျူးကျော်ဝင်ရောက်လျက်ရှိ၏။

သတိဝင်လာသည်နှင့် မျက်ခွံတွေကိုကြိုးစားဖွင့်ကြည့်မိသည့်အခါ ပထမဦးဆုံးမြင်ကွင်းသည် လရောင်ရောကာအေးချမ်းနေသည့် မိုးပြာရောင်မျက်နှာကျက်။ အသိအာရုံကခန္ဓာကိုယ်အနှံ့ဖြတ်လျှောက်သွားသည့်နောက် ဝမ်းဗိုက်တစ်နေရာမှနာကျင်မှုနှင့်အတူ ညာဘက်လက်ထံမှထုံကျဉ်မှုတစ်ခုကို ခံစားလိုက်ရ၏။

ခေါင်းကိုအသာစောင်းကြည့်မိတော့ သူ့လက်ကိုဆုပ်ကိုင်ထားသည့်လက်‌ချောင်းသွယ်သွယ်တွေက တင်းကျပ်မြဲမြံနေလျက်။ ထိုင်လျက်ပင် ခုတင်ပေါ်ခေါင်းတင်ကာ‌အိပ်ပျော်နေသည့်ပုံရိပ်လေးက လရောင်ထက်ပင်အေးချမ်းလွန်းနေ၏။

ငြိမ်သက်နေသည့်မျက်ခွံတွေအောက်မှ ပါးနုနုကိုအမြတ်တနိုးထိတွေ့ချင်ပါသော်လည်း ငြိမ်းချမ်းသောအိပ်စက်မှုကို သူမနှောက်ယှက်ချင်။ လှဲနေလျက်သားပင် တုပ်တုပ်မျှမလှုပ်မိပဲ အိပ်မောကျနေသည့်မျက်နှာနုနုအား ဂျောင်ကု ငေးကြည့်ကာပြုံးနေမိသည်။

ကားပါကင်တွင် တစ်ကိုယ်လုံးအနက်ဝတ်ထားသည့်ထိုလူက သူ့ကိုဝင်တိုက်လိုက်ပြီးနောက်မှာ သူ့ရဲ့ဘယ်ဘက်ဝမ်းဗိုက်နေရာမှ ဆစ်ခနဲ။‌

𝖳𝗁𝖾 𝖡𝗅𝖺𝗓𝖾Where stories live. Discover now