Arc 5.16

386 34 2
                                    

Unicode

ဧကရာဇ်မင်းငယ်၏ အဖြူရောင်ငွေလမင်း  (၁၆)

ကပွဲနေ့တွင် အပါးတော်မြဲများက နဥ်မုန့်ကိုလှပအောင်ပြင်ဆင်ပေးလိုက်​ကြသည်။ 

ဝန်းချင်သည်လည်း သူမသမီးလေးကို ကပွဲတက်ဖို့ခွင့်ပြုပေးလိုက်ပေမယ့် သူမသမီးလေးတခုခုဖြစ်မှာစိုးရိမ်သေးတာမို့ ကိုယ်ခံပညာတွင်တဖက်ကမ်းကျွမ်းကျင်သောသိုင်းပညာရှင် ၈ယောက်ကို ကိုယ်ရံတော်အဖြစ်လိုက်ပါကာကွယ်စေလိုက်သည်။

နဥ်မုန့်လည်း ရထားလုံးစီးပြီးကပွဲသို့သွားလိုက်၏..။

သူမသွားသည့်အချိန်မှာ နောက်တော့မကျပေ။ သို့သော် ဒီအကြိမ်တွင် ဖုဟွာမင်းသမီးနှင့်အတူ မင်းသားအကြီးဆုံး၊ မင်းသား(၃)၊ မင်းသား (၅) ၊ မင်းသား (၆)တို့ပါရှိမည်ဖြစ်သည်။ အထက်တန်းလွှာအမျိုးသမီးအလွှာကို ရိုးရိုးကပွဲဟုသာဖိတ်ကြားလိုက်ပေမယ့် မင်းသားများပါလာကြမည်ဆိုသည့်သတင်းက ဘယ်လိုလုပ်ပြန့်သွားလဲမသိ... ထိုသတင်းကြားသောမိန်းမပျိုအများအပြားမှာ မနက်စောစောပင်ထပြီး ဒီပွဲအတွက်ပြင်ဆင်ခြယ်သကြပေသည်။

အချို့သော အဆိုအကပညာရှင်များက ထိုမြင်ရတွေ့ရခဲသော မင်းသားလေးများအကြောင်းကို သီချင်းပင်လုပ်ဆိုကြလေ့ရှိပြီး မင်းသားအကြီးဆုံးမှလွဲ၍ အခြားမင်းသားတိုင်းက လက်ထပ်ရမည့်အရွယ်လေးတွေလည်းရောက်နေကြပြီမို့ သူတို့အကြောင်းမှာ အလွယ်တကူ hotလွန်တာလည်းဖြစ်သည်။

~~~

ဆိုတော့ကာ.... နဥ်မုန့်ရောက်ချိန်တွင် ဖိတ်ကြားထားသော မိန်းမပျိုတိုင်းရောက်နှင့်နေကြပြီဖြစ်ပြီး မင်းသမီးအိမ်တော်အနောက်ဘက်ခြံဝန်းထားတွင် စုဝေးလို့ စကားတွေပြောကြ ရယ်မောနေကြပြီဖြစ်သည်။  

နဥ်မုန့်တယောက် အစောင့်အကြပ်များခြံရံကာ ခပ်ကြွားကြွားဝင်လာသည်ကို မင်းသား(၅) မြင်လေတော့ "ဟာ..... ညီမတော် ယန်ချူး... ဘယ်လို့ဒီလောက်တောင်နှေးကွေးနေရတာတုန်း... ကိုယ်တော်တို့ ညီမငယ်ကို စောင့်နေတာကြာပေါ့ အိုတောင်အိုသွားတော့မယ်ကွယ်"

You've reached the end of published parts.

⏰ Last updated: Mar 12, 2022 ⏰

Add this story to your Library to get notified about new parts!

နတ်ဘုရားအဆင့်host၏ အချစ်တော်system (Arc 5)Where stories live. Discover now