Arc 5.3

255 29 0
                                    

Unicode

ဧကရာဇ်မင်းငယ်၏ အဖြူရောင်ငွေလမင်း (၃)

အင်းပေါ့.... နဥ်မုန့် လူသတ်တဲ့ပုံစံနဲ့ပတ်သတ်လို့ ချီယွိစိတ်ထဲမှာတော့ လုံးဝကိုသဘောမကျနေဘူး....

သူသာ အဲဒီလူနှစ်ယောက်နဥ်မုန့်ရဲ့ရုပ်အလောင်းကိုကျွင်းထဲပစ်ချနေတဲ့အချိန်ရောက်သွားခဲ့မယ်ဆိုရင် အဲဒီလူနှစ်ယောက်ကိုအပြစ်ပေးမယ့် နည်းလမ်းက နဥ်မုန့်လို ရှင်းလင်း​သေသပ်တဲ့နည်းမျိုးတော့မဟုတ်ဘူးပေါ့... သူကတော့ အဲဒီလူနှစ်ယောက်ကို ရက်ရက်စက်ကို နှိပ်စက်ပြီးဖြည်းဖြည်းချင်း အသက်ထွက်စေအုန်းမှာ......

သူတို့နဥ်မုန့်ကို ဒီလိုလုပ်ခဲ့တာကို နောင်တရစေမယ့်အပြင်ကို သူတို့ကို သေခြင်းထက်ဆိုးတဲ့ဘဝကို ခံစားရအောင်လုပ်ပစ်ပြီး ဒီကမ္ဘာကြီးမှာ အသက်ရှင်ခဲ့ရလို့ နောင်တပါရသွားအောင်လုပ်ပစ်အုန်းမှာ.....

ချီယွိလည်း အဆူခံရမှာစိုးထိတ်နေတဲ့နဥ်မုန့်လေးကို ပြုံးပြကာခေါင်းလေးကိုအသာအယာပွတ်သတ်ပြီးနောက် ထိုလူနှစ်ယောက်ရဲ့အလောင်းရှင်းလင်းခြင်းလုပ်ငန်းစတင်တော့သည်။ နဥ်မုန့်အနားက အလောင်းကိုမြေကျွင်းထဲဆွဲချ... မြေမြုပ်ရန် မြေကြီးများကိုဂေါ်ပြားနှင့်ယူကာ ထိုကျွင်းကြီးတခုလုံးကို မြေဖို့ရသည်။ 

ထိုအရာများ သိမ်းဆည်းပြီးနောက် မိုးပင်မှောင်လာပြီဖြစ်တာမို့ တောထဲမှ သံပုရိုသီးအချို့ခူးလိုက်ရင်း တောထဲမှနှစ်ယောက်သား မြင်းစီးကာထွက်လာလိုက်ချေသည်။ 

ထို့နောက် သူတို့နှစ်ယောက်စလုံး ဒီကမ္ဘာ၏ဇာတ်ကြောင်းကို လက်ခံလိုက်ကြလေသည်။ 

ဒီကမ္ဘာမှာ အမှုသည်ဖြစ်သူ ကျန်းတိုင်းပြည်၏ နံပါတ်(၇) ရှင်ဘုရင်၏ ဇာတ်အိမ်ပင်ဖြစ်ချေသည်။

သူ၏နာမည်မှာ ကုန်းယိချင်ဖြစ်ပြီး အသက်(၁၂) နှစ်အရွယ်တွင် ကံဆိုးသူမောင်ရှင်အနေဖြင့် အရွေးခံရပြီး လျန်တိုင်းပြည်ကြီး၏ဓားစာခံအနေဖြင့် ပို့ခြင်းခံခဲ့ရရှာသည်။

သူ၏ဖခမည်းတော်က သူ့ကိုတခြားတိုင်းပြည်ကိုပို့ဖို့ ဓားစာခံအနေနဲ့ရွေးချယ်တယ်ဆိုကတည်းက သိသာတဲ့အချက်ကတော့ ကုန်းယိချင်ဆိုတာ ဘုရင်ရဲ့ချစ်မြတ်နိုးခြင်းကိုမခံရဘူးဆိုတာပဲ... မင်းသားဖြစ်ပေမယ့် ငကြောင်ပါသုံးစားလို့ရတဲ့သူမဟုတ်ဘူးလို့ သတ်မှတ်ထားခံရသူလည်း ဖြစ်ရှာလေသည်။ သို့ပေမယ့် သူကတခြားမင်းသားတွေထဲမှာ ဥာဏ်အကောင်းဆုံးဖြစ်ချေ၏.....

နတ်ဘုရားအဆင့်host၏ အချစ်တော်system (Arc 5)Where stories live. Discover now