Arc 5.1

581 24 1
                                    

ဧကရာဇ်မင်းငယ်၏ အဖြူရောင်ငွေလမင်း (၁)

Unicode

အစောပိုင်းက system space တွင် တာဝန်လွှဲပြောင်းသူ၏ပုံပန်းသဏ္ဍာန်နှင့် မစ်ရှင်မိတ်ဆက်၏စကားအသွားအလာ အရဆိုလျှင် ထိုသူမှာအခြေအနေမကောင်းလောက်ဘူးဟုချီယွိတယောက် ခန့်မှန်းမိချေသည်။

တကယ်လည်း သူကူးပြောင်းလာလို့ မျက်စိနှစ်လုံးဖွင့်သည်နှင် သူ့ကိုကြိုဆိုနေသည်က လူသူကင်းမဲ့ကာ ယိုယွင်းပျက်စီးနေပြီဖြစ်သောဝင်းကြီးတခုထဲရောက်နေခြင်းပင်....။

တခြားကူးပြောင်းချိန်တိုင်းတွင် နဉ်မုန့်မှာကူးပြောင်းလာပြီဆိုသည်နှင့် သူမ၏ host ကိုသူမပတ်ဝန်းကျင်တွင် ကျီးကန်းတောင်းမှောက်လိုက်ရှာတတ်လေသည်။ ချီယွိသည်လည်း သူကူးပြောင်းလာပြီဆိုတိုင်း ပထမဦးဆုံးလုပ်သည့်အလုပ်က နဥ်မုန့်ဘယ်ရောက်နေလဲဆိုတာကိုအာရုံခံခြင်းပင်.....။

ဒီအကြိမ် သူ၏ယိုယွင်းနေသောခြံစုတ်ကြီးအတွင်းမှ နဥ်မုန့်ရှိရာအာရုံခံလိုက်စဥ် သူမ၏သေဆုံးတော့မည့်လက္ခဏာကိုခံစားမိသည်မို့ ထိုနေရာကိုဦးတည်ကာ တရှိန်ထိုးပြေးထွက်လာလိုက်သည်.......

မြို့တော်နှင့်သိပ်မဝေးလှသော နေရာတွင် တောင်ကြီးတတောင်ရှိပြီး ထိုတောင်ပေါ်တွင်လည်း စိမ်းစိုနေသောသစ်ရွက်စိမ်းတို့နှင့် သစ်ပင်ကြီးများက အုံ့မှိုင်းကာအစီအရီပေါက်နေကြလေသည်။

ထိုနေရာတွင်လူအချို့ရှိနေပြီး တချို့သော သူများကတော့ ထင်းခွေခြင်းနှင့်ဆေးပင်ရှာဖွေတူးဖော်ခြင်းတို့ပြုလုပ်ရန်သာ ရံဖန်ရံခါလာကြသည်ဖြစ်ပြီး တော်ရုံဆိုဘယ်သူမှမလာကြချေ။

ယနေ့တွင်တော့ မဖိတ်ခေါ်ဘဲလာကြသော ၂ယောက်ထက်ပိုသောဧည့်သည်များရှိလာချေပြီ........

ထိုထဲက အရပ်ရှည်ရှည်လူနှစ်ယောက်ဟာ သစ်တောကြီး၏အပြင်ဘက်ကနေလျှောက်ဝင်လာတာပဲဖြစ်သည်.......

ထိုသူနှစ်ယောက်မှာ ဘေးပတ်ဝန်းကျင်ကိုလည်း သတိကြီးစွာ လိုက်ကြည့်ရင်း အလျင်အမြန်လျှောက်နေတာပါ။ သူတို့အချိန်အတော်ကြာလျှောက်ပြီးနောက် ကြီးမားသောတွင်းကြီးတစ်တွင်းကိုရှာတွေ့ပေတော့သည်။

နတ်ဘုရားအဆင့်host၏ အချစ်တော်system (Arc 5)Where stories live. Discover now