Arc 5.2

282 25 1
                                    

ဧကရာဇ်မင်းငယ်၏ အဖြူရောင်ငွေလမင်း (၂)

Unicode

သူဖြည်းဖြည်းချင်းလှည့်ကြည့်လို့သူ့အနောက်ကလူကိုလည်း မြင်လည်းမြင်ရော ဖုလျှို့တယောက် လိပ်ပြာလွှင့်မတတ်ကိုကြောက်သွားတော့တာပဲ......

'ဒါ....ဒါ.. ငါနဲ့အကိုကြီးဖုနဲ့အတူ ကျွင်းထဲပစ်ချလိုက်တဲ့ ကောင်မလေးမဟုတ်လား ... ဘယ်လိုလုပ်ပြီး ငါ့နောက်ရောက်နေရတာလဲ ... နေ့ခင်းကြောင်တောင်ကြီး သရဲခြောက်ခံရတာပဲ !!! '

"အောင်မလေးဗျ... သရဲ!!! "

ဖုလျှို့တယောက် တကိုယ်လုံးခိုက်ခိုက်တုန်ကာ ကြောက်လွန်းလို့အော်ဟစ်လိုက်ပြီးနောက် သူမကိုထပ်ပြီးလှည့်ပင်မကြည့်ရဲတော့ပဲ နောက်လှည့်ကာ တချိုးတည်းပြေးတော့သည်။

သို့ပေမယ့် သူနောက်မှာရပ်နေတဲ့ နဉ်မုန့်ကတော့ သူ့ကိုဘယ်လိုလုပ်ခပ်လွယ်လွယ်လွှတ်ပေးပေလိမ့်မလဲ...

သူမမှာ ခုနလေးတင်ကူးပြောင်းလာပြီး ဘာတွေဖြစ်နေလဲဆိုတာတောင်မသိရသေးပေမယ့် သူမကိုမြေကျွင်းထဲခပ်ကြမ်းကြမ်းလွှင့်ပစ်ပြီး သူ့ရဲ့အဖော်ကိုတောင် သူသတ်ပစ်တယ်ဆိုကတည်းက ဒီလူ လူကောင်းမဟုတ်ဘူးဆိုတာ နဥ်မုန့်ကောင်းကောင်းကြီးသဘောပေါက်ချေသည်။

ထို့ကြောင့် သူမလည်း သူမအနားမှာပြုတ်ကျနေတဲ့ဂေါ်ပြားကို ကုန်းကောက်လိုက်ကာ တရှိန်ထိုးပြေးလိုက်တော့သည်။

ဖုလျှို့သည်လည်းအတော်လေးကြောက်နေတာမို့ အနောက်ကို ခေါင်းလေးစောင်းပြီးတော့တောင်မကြည့်ရဲရှာ...။ အရှေ့ကိုသာအရူးအမူးပြေးနေသည်မို့ တနေရာအရောက်တွင် ကျောက်တုံးတခုကိုခလုတ်တိုက်ကာချော်လာတော့သည်။

ထိုအခါမှ သူ့ကိုယ်သူမထိန်းချုပ်နိုင်တော့ပဲ တုန်တုန်ရီရီနှင့် လှည့်ကြည့်တော့သည်။ နဥ်မုန့် သူ့ကိုလိုက်မှီသွားပြီဆိုတာတွေ့သည်နှင့် ဒူးထောက်ချလိုက်ပြီး "မမလေးနှစ် ဒီငယ်သားကိုခွင့်လွှတ်ပေးပါဗျာ... ကျွန်တော်က ခင်ဗျားကိုသတ်တဲ့လူမဟုတ်ပါဘူး... အာ... တကယ်လို့ မမလေးလက်စားပြန်ချေချင်တယ်ဆိုရင် ကျွန်တော်မျိုးအသက်ကို ပဓာနမထားဘဲ ခိုင်းသမျှကိုတသွေမတိမ်းလိုက်လုပ်ပေးပါ့မယ်ဗျာ.... "

နတ်ဘုရားအဆင့်host၏ အချစ်တော်system (Arc 5)Where stories live. Discover now