Arc 5.6

199 27 0
                                    

Unicode

ဧကရာဇ်မင်းငယ်၏ အဖြူရောင်ငွေလမင်း (၆)

နဥ်မုန့်ခမျာ သူ့host လက်ထပ်ရတော့မယ်ဆိုတဲ့အသိကြောင့်မပျော်ရွှင်တော့ပေ။ 

ချီယွိ, "ခုနကမင်းကိုသတ်ဖို့လုပ်တဲ့လူနှစ်ယောက်ကိုသိလား"

နဥ်မုန့် (ခေါင်းခါလျက်), "ဟင့်အင်း... ဒါပေမယ့် သူတို့ဘယ်သူတွေလဲဆိုတာတော့သိတယ်.."

"သူတို့ညီအကိုက မြို့ထဲကနာမည်ကြီးလူရမ်းကားတွေလေ.. တယောက်က ဖုတ နောက်တယောက်က ဖုလျှို့တဲ့... အဲ့ဒီလူတွေက တနေကုန်တနေကမ်း အသေးစားခိုးမှုလေးတွေ ကိုယ်ထိလက်ရောက်စော်ကားတာတွေလုပ်ပြီး လေ​နေတတ်တဲ့သူတွေပေါ့...

နဥ်မုန့်သာ ပိုင်ယန်ချူးခန္ဓာကိုယ်ထဲကိုမကူးပြောင်းလာခဲ့ရင် ပိုင်ယန်ချူးရဲ့ဘဝဟာ ဒီနေရာတင်ပြီးဆုံးသွားပြီလေ....

ပိုင်ကျင့်ချန်းနှင့် ဝန်းချင်တို့တွင်သားသမီးဟူ၍ ပိုင်ယန်ချူးတယောက်တည်းသာရှိသာမို့ မိဘနှစ်ယောက်စလုံးကသူမကိုရတနာတစ်ပါးလိုသည်းသည်းလှုပ်ချစ်ကြလေသည်။

မူလဇာတ်ကြောင်းအရ ပိုင်ယန်ချူး၏အလောင်းကိုတောင်ပေါ်တွင်မြုပ်ထားခဲ့တာဖြစ်ပြီး ဖုလျှို့၏ဖြစ်ကလက်ဆန်း အလောင်းဖျောက်လို့ မြေကြီးသေချာမမြှုပ်မှုကြောင့် ပိုင်ယန်ချူးနှင့် ဖုတတို့၏အလောင်းများကို တောကောင်များအနံ့ရကာဖော်စားကြလေသည်။

ထို့ကြောင့်လည်း ပိုင်ယန်ချူး၏မိဘနှစ်ပါး သူတို့သမီးလေးကို အပူတပြင်းလိုက်ရှာကြသည့်အခါ လဝက်အကြာတွင် တောကောင်များစားသောက်ခံရပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည့်သူတို့သမီးလေးအလောင်းနှင့် ဖုတအလောင်းကို စိတ်မချမ်းမြေ့ဖွယ်တွေ့လိုက်ကြရသည်။ 

ပိုင်ယန်ချူး၏ဖခင်မှာ လျန်တိုင်းပြည်ကြီး၏ စစ်သူကြီးချုပ်ဖြစ်ပြီး မိခင်ဖြစ်သူမှာဦးလေးဖြစ်သူပညာရှိအမတ်ကြီး၏တစ်ဦးတည်းသောညီမပင်။ ထိုမိဘနှစ်ပါးမှမွေးသော ပိုင်ယန်ချူးမှာ ဟိုးငယ်စဥ်ကတည်းက စားဖို့နှင့် အဝတ်အစားဝယ်ကာသုံးဖြုန်းဖို့ပဲသိသူဖြစ်တာမို့ သိုးမည်း​ဖြစ်ပြီး တော်ဝင်အသိုင်းအဝိုင်းအတွက်တော့ အမှိုက်တစလိုပင်။

နတ်ဘုရားအဆင့်host၏ အချစ်တော်system (Arc 5)Where stories live. Discover now