EP 8 (UNI)

241 61 20
                                    


*မနက်ဖြန် အားအောင် လုပ်ထားပါ့မယ် *ပြောတဲ့ကလေးက တကယ်လက်တွေ့မှာတော့ ချန်းယောလ်ကို ဒိတ်ဖို့ ငြင်း၏။သူရဲ့မရှည်တဲ့စိတ်ကို ဆွဲဆန့်မနေတော့ဘဲ ကလေးလက်ကလေးကို အတင်းဆွဲ၍ ရုံးခန်းထဲမှာ ထွက်လာဖြစ်သည်။ကလေးကတော့ ချန်းယောလ်ရဲ့ ဇွတ်တရွက်ဆန်မှုကို မငြင်းပယ်နိုင်စွာ မလွှဲသာ၊မရှောင်သာ လိုက်လာခဲ့ရသည်။ချန်း‌ယောလ်ထက်သေးကွေးပြီး အားချင်းမမျှ၍ ရုန်းမရဖြစ်နေတဲ့ကလေးက
ခေါ်ရာနောက် ရက်ကန်လေးပါလာပုံက အူယားစရာလေးပင်။မျက်နှာတည်လေးက အခုလို ဆူပုတ်နေတဲ့အချိန်မှာ ပိုချစ်ဖို့ကောင်းနေသည်။

ကားတံခါးဖွင့်ပေးပြီး ဝင်ခိုင်းတော့ အူကြောင်ကြောင်လေးနဲ့ ဝင်ထိုင်လေသည်။ချန်းယောလ်ကားမောင်းသူနေရာမှာ ဝင်ထိုင်လိုက်ပြီးမှ ကလေးကို လှည့်ကြည့်လိုက်တော့ထိုင်ခုံခါးပတ် ပြီးသားဖြစ်‌နေပြီ။ကလေးက ဘယ်တော့မှာ ထိုင်ခုံခါးပတ် ဖို့ မမေ့ဘူးပဲ။ဒါက ချန်းယောလ်ကို ဒုက္ခရောက်စေသည့် အရာပင်။ချန်းယောလ်လည်း သူများတွေလို ခါးပတ်လေးပတ်ပေးပြီး ကိုယ့်ချစ်သူကို  အသားယူချင်တာပေါ့။အခုတော့ လူကြီးမဟုတ်၊ကလေးမဟုတ်တဲ့ကောင်လေးတစ်ယောက်ကြောင့် ထိုအခွင့်အရေးကို တစ်သက်လုံး ရမည်ပုံမပေါ်။ချန်းယောလ်  ကလေးမသိအောင် သက်ပြင်းမောတစ်ချက် ချလိုက်ပြီးမှ ။

"အိပ်ချင်ရင် အိပ်လိုက်...ဦး ရောက်ရင် ကလေးကို နိုးလိုက်မယ်"

"အိပ်ရမယ်??ဒီနားလေးတင် မဟုတ်ဘူးလား”

“အွန်း...မဟုတ်ဘူး...နည်းနည်း‌ဝေးတယ်”

“ဦး...ကျွန်တော် မအားဘူးနော်..အသစ်ထုတ်မဲ့Brandအတွက်.မော်ဒယ်နဲ့ တွေ့ရအုံးမှာ”

“ကလေး...အတွင်းရေးမှူးကို ဦး အကုန်မှာခဲ့တယ်..စိတ်မပူဘဲ ဦးခေါ်ရာနောက် လာခဲ့”

ချန်းယောလ် ကား,စ မောင်းလိုက်သည့်နှင့်ပြတင်းပေါက်ဘက်ကို လှည့်၍ စိတ်ဆိုးသွားတဲ့ကလေးခေါင်းလေးကို  အသည်းယားစွာ ဆွဲဖွာလိုက်သည်။အလုပ်ပဲ သိတဲ့အလုပ်သရဲလေးကတော့ နာရီပိုင်းလောက်လေးတောင် ကိုယ်ကို  အချိန်မပေးချင်ဘူး။

MY YOUTHSDonde viven las historias. Descúbrelo ahora