EP 3 (UNI)

299 58 3
                                    

ဂျောင်ဆူး တက္ကသိုလ်တတ်ဖို့စောင့်နေသည့်
အချိန်ကာလမှာ ဖေဖေရဲ့အလုပ်တွေကို ကူညီလုပ်ပေးဖြစ်သည်။ကိုယ်တိုင်ကလည်း design အပိုင်း စိတ်ဝင်စား၍ ငယ်ငယ်ကတည်းက လေ့လာထားသူဖြစ်၍ ကျွမ်းကျင်စွာ ကူညီနိုင်၏။နှလုံးအစားထိုးကုသ ထားတဲ့ဖေဖေက အရင်လောက် မကျန်းမာတော့ပေ။နေမကောင်းတဲ့ဖေဖေကို ဂျောင်ဆူး အိမ်မှာပဲအေးအေးဆေးဆေး အနားယူစေချင်သည်။ထို့‌ကြောင့် ဖေဖေအစား ကုမ္မဏီကို ဂျောင်ဆူး ဦးဆောင်ဖြစ်သည်။

မရွယ်နဲ့မလိုက် ရင်ကျင့်တည်ငြိမ်တဲ့ဂျောင်ဆူးကို ဖေဖေနှင့်မေမေက အားထား ယုံကြည်၏။အရာရာ ‌အသေးစိတ်တကျ,နည်းစနစ်တကျစွာလုပ်တတ်တဲ့ဂျောင်ဆူးကြောင့် ဖေဖေ ကုမ္မဏီကို စိတ်ကျလက်ချ အပ်လာ၏။နောက်လည်း
ဂျောင်ဆူးပဲ ဦးဆောင်ရမည့်ဖြစ်၍ အခုကတည်းက သေချာလေ့လာထားခိုင်းသည့် သဘောလည်း ဖြစ်သည်။

ဂျောင်ဆူးမှာ အားနည်းချက်တစ်ခုရှိ၏။ကျောင်းစာရယ်၊designပိုင်းရန်ကလွှဲပြီး ကျန်တဲ့လူမှုရေး ကိစ္စ သိပ်မသိပေ။ဂျောင်ဆူးစိတ်ဝင်စားတဲ့အရာမှာလွှဲ၍ ကျန်သည့်အကြောင်း ထည့်မစဉ်းဘဲ လုပ်ချင်ရာ လုပ်တတ်တဲ့အကျင့်လည်း ရှိ၏။ဒါကို ဘတ်ခ်ဟွန်းက ဂျောင်ဆူးကို ပြင်ပဗဟုသုတမရှိတဲ့အကောင် လို့ မှတ်ချက်ချပေး၏။

“သား~ခဏ လာထိုင်ပါအုံး။မေမေ ပြောစရာရှိလို့”

မေမေရှေ့ ဆိုဖာထက် ထိုင်လိုက်ပြီး ဖေဖေနဲ့မေမေမျက်နှာကို ဂျောင်ဆူး အကဲခတ်ဖြစ်သည်။
ဖေဖေက  ဂျောင်ဆူးကို မကြည့်ဘဲ မျက်နှာမကောင်းစွာ အပေါ်ထပ် တတ်သွားသည်။မေ‌မေလည်း ခဏ ခဏ သက်ပြင်းချနေ၏။ဒီလောက်ဆို ဂျောင်ဆူး မှန်းဆမိပါသည်။ဖေဖေ၊မေမေတို့ဆီမှာ ကြီးကြီးမားမား ပြဿာနာတစ်ခု ရှိနေပြီဆိုတာကိုပါပဲ။

“မေမေ့သားလေးကို ကြင်ယာဖက် မဟုတ်ဘူး
လူတစ်ယောက်နဲ့ ဒိတ်လုပ်စေချင်တယ်”

“ဘယ်သူလဲမေမေ။သားတွေ့ရမဲ့သူက ”

ထပ်၍ မေမေ သက်ပြင်းချသည်။ပြောမထွက်ဘူး ထင်ပါရဲ့။

“ဒေါက်တာပတ်ခ်ယူရာရဲ့ မောင်လေး”

ဂျောင်ဆူးနားထဲ ဗုံးပစ်ခွဲခံရသလို ခံစားရသည်။
မေမေတို့က ဖြူဖြူ၊ပုပု၊သေးသေး၊ ဂျောင်ဆူးကို အားနည်းသည့်ကောင်လေး လို့ တွေးထင်မှတ်နေတာ။‌ဘယ်လောက်ထိ ဂျောင်ဆူး ကြံ့ခိုင်သည့်သူဆိုတာ ဖော်ပြပါစေ မေမေတို့မျက်လုံးထဲမှာ ဂျောင်ဆူးက ကလေးတစ်ယောက်သာသာ အပြင် မပိုခဲ့ဘူး။ဂျောင်ဆူးက ယောင်္ကျားလေး။အားနွဲ့တဲ့သူလည်း မဟုတ်တဲ့အတွက် တစ်ခြားယောင်္ကျားလေးတစ်ယောက်ကို မှီခိုအားထားစရာမလိုဘူး။

MY YOUTHSWhere stories live. Discover now